ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၅/၂၀၁၄)ကျင်းပ

တောင်ကြီး  ဒီဇင်ဘာ  - ၂၂

826

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၅/၂၀၁၄) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄) အခမ်းအနားကို ဒီဇင်ဘာ(၂၂)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များလာရောက်ပြီး၊ ရှမ်းပြည်နယ်အတွင်း မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံး အဆင့်ဆင့်အနေနှင့် မြေကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးနေမှုများအပေါ် လိုအပ်သည်များကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင် ရန် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရန်လာရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တွင်ယူဆောင်သွားနိုင်မည့် စာအုပ်ငယ်များ ပြုစုပေးရန် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံးများ အဆင့်ဆင့်၏ဇယားကားချပ်များပေါ်တွင် ဒေသအလိုက် ဖြေရှင်း ဆောင်ရွက်ရမည့် မြေကိစ္စများကို ဖော်ပြထားရှိရန်လိုအပ်ကြောင်း၊ အစီရင်ခံစာအပိုင်းတွင် ခရိုင်/ မြို့နယ်/ ရပ်ကျေးအလိုက် ဖြေရှင်းထားမှုတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ညီဖို့၊ (Case by Case) အမှုတွဲ (၁) ခုချင်း အလိုက် မြေပုံ၊ ဓါတ်ပုံမှတ်တမ်းများထားရှိရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီရုံး အဆင့်ဆင့်၊ ခရိုင်/ မြို့နယ်များတွင် အထွေထွေအုပ်ချုပ်ရေးအရာရှိငယ်(၁)ဦးနှင့် စာရေး(၁)ဦးသာဖြေရှင်း နေရတာမျိုး မဖြစ်စေရန်၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ စက်မှုသီးနှံဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မြေအသုံးချမှု ပေးသည့်ကိစ္စများ နှစ်အလိုက်စာရင်းပြုစုပြီး၊ ခိုင်ခိုင်မာမာထားရှိစေရန် မှာကြားလိုကြောင်း၊ မြေကိစ္စ တင်ပြလာသည့် နေ့မှစ၍ အဆင့်ဆင့်ဆောင်ရွက်မှုမှတ်တမ်းများ ထားရှိဆောင်ရွက်ပြီး၊ မကြန့်ကြာသင့်သည့်ကိစ္စများ ကြန့်ကြာမှုမရှိစေရန်အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ခရိုင်/ မြို့နယ်အလိုက် မြေအသုံးချမှုကိစ္စများ စနစ်တကျမှတ်တမ်းမှတ်ရာများ စနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်အောင် မြေကိစ္စနှင့်ပတ်သက်သည့် တိုင်စာများ၊ ဖြေရှင်းရန်အတွက် အသုံးပြုခွင့်ပေးတာကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီဘဲဆောင်ရွက်မှုတွေမဖြစ်ရန်၊ ကြပ်မတ်ဖို့လိုအပ်မည်ဖြစ်ကြောင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ကိုင်ဆောင်ရွက်နေမှုများသည် အစိုးရအဖွဲ့ကို ပုံရိပ်ထင်ဟပ်စေတာ ဖြစ်သည့်အတွက် ဖြေရှင်း ဆောင်ရွက်မှုများ၊ လုပ်ကိုင်ဆောင်ရွက်မှုများကိုစနစ်တကျ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ထပ်မံမှာကြားလို ကြောင်း၊ စိစစ်မှုမှတ်တမ်း၊ လုပ်ငန်းမှတ်တမ်း၊ အစည်းအဝေးမှတ်တမ်း၊ အပ်နှံလက်ခံပေးအပ်မှတ်တမ်းများ၊ မြေပုံ၊ ဓါတ်ပုံ အမှုတွဲတွေ ပြည့်စုံအောင်ဆောင်ရွက်ထားကြရန်၊ သတင်းထုတ်ပြန်ဖို့ လိုအပ်သည့်ကိစ္စများ သတင်းထုတ်ပြန်နိုင်ရန်အတွက် နောက်လများမှာ အစီရင်ခံစာအမှုတွဲပါ Case များ မပြီးပြတ်၍ ပြည်နယ်မှ ဆုံးဖြတ်ဖို့လိုအပ်သည့်ကိစ္စများကို ဖော်ပြဆွေးနွေး ဆုံးဖြတ်တင်ပြပေးရန်နှင့် ကော်မတီဝင်များ ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၄)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၄) တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၄) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြသည်။

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ် သစ်တောနှင့်သတ္တု ဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                   မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 62 guests and no members online

Latest Updates