နည်းပညာကျွမ်းကျင်မှု၊ အသက်မွေးဝမ်းကျောင်းပညာနှင့် သက်ဆိုင်သော တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၂၃

827

   နည်းပညာကျွမ်းကျင်မှု၊ အသက်မွေးဝမ်းကျောင်း ပညာနှင့် သက်ဆိုင်သော တွေ့ဆုံဆွေးနွေး ပွဲကို ဒီဇင်ဘာ(၂၃)ရက် မွန်းလွဲ(၁)နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်မှ နည်းပညာကျွမ်းကျင်မှု၊ အသက်မွေးဝမ်းကျောင်းပညာနှင့် သက်ဆိုင်သော အကြောင်းအရာများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်မှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးတင်ပြကြပြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် မှ အကြံပြု တင်ပြချက်များအပေါ်ပြန်လည်ဆွေးနွေးသွားကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ (တောင်ကြီး၊ ပင်လုံ၊ လားရှိုး၊ ကျိုင်းတုံ)နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် များမှ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်နှင့် နည်းပြများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)