ရှမ်းပြည်နယ်သတင်းများ

၂၀၁၄ - ၂၀၁၅ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တင်ဒါလုပ်ငန်းများ ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂၂

828

   ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၄ - ၂၀၁၅ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တင်ဒါလုပ်ငန်းများ ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ(၂၂)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တောခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

   ရှမ်းပြည်နယ်အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တင်ဒါလုပ်ငန်းများအား လုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများနှင့် တွေ့ဆုံရခြင်းမှာ လုပ်ငန်းများပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ သိရှိလို၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်ခွင့် ရရှိသော ဒေသများတွင် လုပ်ငန်းများအား သက်ဆိုင်ရာ ဌာနအဆင့်ဆင့်တို့ အချိန်မီတင်ပြနိုင်ရေး၊ နယ်မြေဒေသ အခက်အခဲကြောင့် လုပ်ငန်းများဆောင်ရွက်ရန် ကြန့်ကြားမှု များ မဖြစ်ပေါ်စေရေးနှင့် ကျေးလက်နေပြည်သူများ အကျိုးကျေးဇူး မြန်မြန်ဆန်ဆန်ရရှိရေးအတွက် လုပ်ငန်းများစောလျှင်စွာဖြင့် အရေးအသွေးပြည့်မီဆောင်ရွက် နိုင်ပါက မိမိတို့ အနေဖြင့် စိတ်အေးချမ်းသာရမည် ဖြစ်ကြောင်း လုပ်ငန်းမပြီးသော ကုမ္ပဏီများအား ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် တင်ဒါခေါ်ယူရာ၌ ရွေးချယ်မှု အတွက် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ လုပ်ငန်းများအား စေတနာထားဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေနှင့် ကောင်းမွန်သော လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး၊ အပြုသဘောနှင့် ပြောခြင်းဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာသောခေတ်ဖြစ်သဖြစ် အရာရာ သတိထားဆောင်ရွက်စေလိုကြောင်း၊ ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ် ဘက်ဂျက်လျာထားရာတွင်လည်း လုပ်ငန်းများအား သေချာစိစစ်တင်ပြရန်လိုကြောင်း အဖွင့်အမှာစကား၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူကပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၁၄ - ၂၀၁၅ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တင်ဒါလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းရှိ ပြည်နယ်ရုံးခွဲများမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ ကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီး ဦးစိုင်းဆာလူက ဖြည့်စွက်မှာကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ပြီး၊ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကြီးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တင်ဒါလုပ်ငန်းရှင်များများ၊ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                             မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 106 guests and no members online

Latest Updates