ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် The Carter Center အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ   ၂၃

829

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဝင်းတို့နှင့် အတူ ဒီဇင်ဘာ(၂၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်  အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ရုံး ခန်းမ၌  The Carter Center  မှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးမစ်ရှင်အဖွဲ့စေလွှတ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ကြမည့် Mr. Benedict Martin Dunant နှင့် Mr. Hans Dieset  တို့နှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရှိရသည်။

   တွေ့ဆုံဆွေးနွေးမှုတွင် Mr. Benedict Martin Dunant မှ The Carter Center  ကို (၁၉၈၀)ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ အမေရိကန်တွင် အခြေစိုက်၍ ရွေးကောက်ပွဲစောင့်ကြည့်ရန် ရှေ့ပြေးအဖွဲ့ဖြစ်ပြီး၊ မိမိတို့အဖွဲ့သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွင် တစ်ဖွဲ့၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တစ်ဖွဲ့အခြေချပြီး၊ အဓိကရည်ရွယ်ချက်မှ (၂၀၁၅)ရွေးကောက်ပွဲ လေ့လာရန် ဖြစ်ကြောင်း၊ ရှေ့ပြေးအဖွဲ့အနေဖြစ်ရောက်လာရခြင်းမှာ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုအတွက် ရောက်လာရကြောင်း၊ The Carter Center  အဖွဲ့သည် ရေတို၊ ရေရှည်လေ့လာမည့် အဖွဲ့နှစ်ဖွဲ့ ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ တွင် ပါဝင်သော အဖွဲ့ကိုတွေ့ဆုံလိုကြောင်း၊ အစိုးရအဖွဲ့ ပြည်ထောင်စုရွေးကောက်ပွဲ အဖွဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ်၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ မီဒီယာအဖွဲ့များ နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရခြင်းသည်၊ ရွေးကောက်ပွဲ မဲစနစ်များကို ပြန်တမ်းများထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ပြန်တမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့် ရှမ်းပြည်နယ် ကော်မရှင်အဖွဲ့များသို့ ပေးပို့သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်းဖြင့် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ လေ့လာရန် အတွက်သာဖြစ်ကြောင်း ဆွေးနွေးသွားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က The Carter Center  အဖွဲ့ အခုလိုလာရောက်တွေ့ဆုံမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှိုက်လှိုက်လဲလဲ ကြိုဆိုပါကြောင်း၊ တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ (၂၀၁၅)ခုနှစ် နိုဝင်ဘာလတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကို နိုင်ငံရေးအဖွဲ့အစည်းများကလည်း ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲတွင်ပါဝင်သော နိုင်ငံရေးအဖွဲ့အသီးသီး၊ တိုင်းရင်းသားအဖွဲ့အသီးသီး ပါဝင်၍ ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ မကြာမကြာလာရောက် လေ့လာနိုင်ပြီး ကောင်းမွန်သော အကြံများပေးနိုင်ရန်နှင့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံ (၃၀)ကျော်ရှိကြောင်း ဆွေးနွေးသွားကြောင်း သိရှိရသည်။

                                                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 123 guests and no members online

Latest Updates