ရှမ်းပြည်နယ်သတင်းများ

ပအိုဝ်းအမျိုးသားများ၏ ဆန္ဒထုတ်ဖော်

တောင်ကြီး   ဒီဇင်ဘာ   ၂၄

830

  ပြည်တွင်းငြိမ်းချမ်း အမြန်ရရှိရေး၊ ပြုပြင်ပြောင်းလဲမှု အမြန်ဆုံးဆောင်ရွက်ရေး၊ တိုင်းရင်းသားများ အခွင့်အရေးရရှိရေး၊ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး၊ တောင်းဆိုချက်များကို အမြန်ဆုံးဆောင်ရွက်ရေးစသည့် ခေါင်းစဉ်များဖြင့် ပအိုဝ်းအမျိုးသားများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ(၂၄)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းကွင်းပြင်၌ ကျင်းပကြောင်း သိရသည်။

  ပထမဦးစွာ တက်ရောက်လာသော ပအိုဝ်းအမျိုးသားများ၏ ဆန္ဒထုတ်ဖော်သူများကို (P.N.O) ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ပညာဗုတ်နှင့် ပအိုဝ်းလူငယ်ကွန်ရက်ခေါင်းဆောင် ဥက္ကဌ ဦးခွန်ထွန်းရွှေတို့က အမှာစကားပြောကြားကြောင်း သိရသည်။

  ဆက်လက်၍ ပအိုဝ်းအမျိုးသားများ၏ ဆန္ဒထုတ်ဖော်ပွဲကို  ပထမတောင်ကျောင်းကြီးစုရပ်၊ စဝ်စံထွန်းလမ်းအတိုင်း မြောက်ကျောင်းလမ်း(ကြံ့ခိုင်ရေးရုံး)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြောက်မှတောင်သို့ ချီတက်လာပြီး၊ ကျားခေါင်းမီးပွိုင့်မှ ပထမ တောင်ကျောင်းကြီးအထိ ဆန္ဒထုတ်ဖော်ပြီး၊ ဆန္ဒထုတ်ဖော်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ဌာနချုပ်ရုံး၊ ပအိုဝ်းအမျိုးသားအဖွဲ့ (P.N.O) ပါတီဗဟိုအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(တောင်ကြီးမြို့နယ်)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)၊ ပအိုဝ်းလူငယ်ကွန်ရက်(P.Y.N)၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့၊ ပအိုဝ်း တိုင်းရင်းဆေးအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်နှင့် နာရေးကူညီမှုအသင်း၊ ပအိုဝ်းအမျိုးသမီး ပညာရေး ဖောင်ဒေးရှင်း၊ ပအိုဝ်း ဥပဒေနှင့် လူမှုကူညီရေးအဖွဲ့၊ ပအိုဝ်းပါရမီကွန်ရက်အဖွဲ့၊ ပအိုဝ်းအနုပညာ အဖွဲ့၊ ပအိုဝ်းပြည်သူလူထု (တောင်ကြီး၊ ဟိုပုံး၊ အောင်ပန်း၊ ပင်လောင်း၊နောင်တရား၊ ဆီဆိုင်) တို့မှ အင်အား (၃၀၀၀)ကျော်ခန့် ချီတက်ဆန္ဒထုတ်ဖော်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 76 guests and no members online

Latest Updates