ရှမ်းပြည်နယ်သတင်းများ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဓနု၊ ပလောင်နှင့် ရှမ်းတိုင်းရင်းသားများ၏ ဆန္ဒထုတ်ဖော်

တောင်ကြီး   ဒီဇင်ဘာ  -  ၂၄

831

   ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဓနု၊ ပလောင်နှင့် ရှမ်းတိုင်းရင်းသားများ ၏ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ပွဲကို  (၂၀၁၄)ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင်  ပြုလုပ်ကြောင်း သိရှိရသည်။

   ပထမဦးစွာ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မှ ရှမ်းတိုင်းရင်းသားများသည် ပြည်သူလူထု၏ ခေါင်းဆောင် စိုင်းကျော်ညွန့် ဦးဆောင်၍ အင်အား(၁၀၇၀)ဦးဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ကြပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်အတွင်းရှိ ဓနုတိုင်းရင်းသားများကို ဦးချစ်စိန် ခေါင်းဆောင်၍ အင်အား (၇၃၀)ခန့်ဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြပြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ် အတွင်းရှိ လူထုကိုယ်စားလှယ် ဦးဘသောင်း ဦးဆောင်၍ ပလောင်တိုင်းရင်းသား အင်အား(၁၁၀၀)ဦးခန့်တို့က ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရမှ အောင်မြင်သည်အထိ ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကို အစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများအရေး အစိုးရမှ ဦးဆောင်ပေးရေး၊ (၆)ပွင့်ဆိုင်အလိုမရှိ၊ တောင်းဆိုချက်များ အမြန်ဆုံးအကောင်းအထည် ဖော်ပေးရေးစသည့် ခေါင်းစဉ်များဖြင့် ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဓနု၊ ပလောင်နှင့် ရှမ်းတိုင်းရင်းသားများ၏ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 53 guests and no members online

Latest Updates