ရှမ်းပြည်နယ်သတင်းများ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသရှိ 'ဝ'၊ ကိုးကန့်နှင့် ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ဆန္ဒထုတ်ဖော်

တောင်ကြီး   ဒီဇင်ဘာ  -  ၂၇

833

ရှမ်းပြည်နယ်အတွင်း "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့ကွက်(၁) ရပ်ကွက်တွင် ဒီဇင်ဘာ(၂၆)ရက် နံနက်(၉)နာရီက ဦးအောင်စိုးမင်းနှင့် ဦးအေးမြင့်ကျော်တို့မှ ဦးဆောင်၍ ဒေသအတွင်းရှိ ပြည်သူလူထု (၂၀၀၀)ဦးခန့်ဖြင့် အောက်ဖော်ပြပါ (၅)ချက်အား ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အောင်မြင်ပြီးဆုံးသည်အထိ အမြန်ဆုံးဆောင်ရွက် ပေးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများကို အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လိုလားတောင်ဆို ချက်များကို ဥပဒေများ ပြဌာန်းဆောင်ရွက် ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်းရေး၊ တောင်းဆိုချက်များ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ပေးရေး၊ ကြွေးကြော်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော် ကြကြောင်းသိရသည်။

834

ဆက်လက်၍ ဒီဇင်ဘာ(၂၇)ရက် နံနက်(၉)နာရီက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ် တွင် ဦးအောင်နိုင်(ခ)အားချန် ဦးဆောင်သော ကိုးကန့် တိုင်းရင်းသား အင်းအား(၁၇၀၀)ဦးကျော်ခန့်သည် လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ကိုးကန့် ဘာသာအလယ်တန်းကျောင်း၌ စုဝေးပြီး မြန်မာ-ကိုးကန့်နှစ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်ပိုစတာများအား ကိုင်ဆောင်၍ ကြွေးကြော်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ကြပြီး၊ အဆိုပါရက်တွင် နံနက်(၁၀)နာရီက ကျောက်မဲခရိုင်နောင်ချိုမြို့၌ ပြည်သူလူထု ခေါင်းဆောင်ဦးစိန်ဝင်း ဦးဆောင်၍ နောင်ချိုမြို့နယ် စျေးရပ်ကွက် မြို့နယ်အားကစားကွင်းမှ စတင် ထွက်ခွာပြီး မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးအတိုင်း ဇီဝကလမ်း၊ ရွှေပြည်စိုလမ်း၊ ကံကြီး-တောင်းခမ်းလမ်းမှ မြို့နယ်အားကစားကွင်းအထိ အင်းအား(၁၁၀၀၀)ခန့် အောက်ဖော်ပြပါ (၆)ချက်အား ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အောင်မြင်ပြီးဆုံးသည်အထိ အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများကို အစိုးရက အမြန်ဆုံးဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လိုလားတောင်ဆို ချက်များကို ဥပဒေများ ပြဌာန်းဆောင်ရွက်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်းရေး၊ တောင်းဆိုချက်များအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ပေးရေး၊ ခြောက်ပွင့်ဆိုင်အလိုမရှိ ကြွေးကြော်၍ငြိမ်းချမ်းစွာစီတန်းလှည့် လည်ပြီး ဆန္ဒထုတ်ဖော် ကြကြောင်းသိရှိရသည်။ 

835

                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 65 guests and no members online

Latest Updates