ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့၌ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂၉

836

၂၁ရာစု တတ်သိပညာခေတ် (Knowledge age)တွင် သတင်းအချက်အလက်များ လျင်မြန်လာမှု နှင့် နည်းပညာတိုးတက် ပြောင်းလဲလာမှုများကြောင့် လူထုဆက်သွယ်ရေး နည်းလမ်းများသည် ထိရောက်မှုရှိလာခဲ့ပြီး စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် အရေးပါလာ၍ ပြည်သူ့စာကြည့်တိုက်များ တွင် စာကြည့်တိုက်နှင့် သတင်းအချက် အလက်ဆိုင်ရာဝန်ဆောင်မှုများကို ပေးနိုင်ခြင်းသည် ပြည်သူများအတွက် အသိပညာ၊ အတတ်ပညာ ကိုယ်ရည်ကိုယ်သွေး တက်စေရန် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်စေရန်နှင့် ဘဝသင်ခန်းစာများရရှိစေရန် ပံ့ပိုးကူညီနိုင်ခြင်း နိုင်ငံတစ်နိုင်ငံတွင် စာကြည့်တိုက် လုပ်ငန်းသည် အဓိကကျသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေခြင်းတို့ကြောင့် ဒီဇင်ဘာ(၂၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများမြှင့်တင်ရေး အလုပ်ရုံးဆွေးနွေးပွဲ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က အမှာစကားပြောကြားရာတွင် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြမည့်ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေ့အကြုံများ ပေါင်းစပ်ပြီး ကောင်းမွန်ပြည့်စုံသည့် နည်းလမ်းကောင်းများ ရှာဖွေပေးကြရန်နှင့် ဆွေးနွေးပွဲတွင် ဆွေးနွေးရုံ၊ ပြောကြားရုံနှင့် ရပ်မနေဘဲ ဖော်ထုတ်ချက်သင်ခန်းစာများကို လူ့အဖွဲ့အစည်းကြီး၏ ပညာလူ့အဖွဲ့အစည်း ကြီးအဖြင့် (Knowledge Society) ဖြင့်အောင်၊ မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် တိုက်တွန်း ပြောကြား သွားကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းအောင်က စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းထွန်းရင်နှင့် ဇနီးသီရိသုဓမ္မသိင်္ဂီ ဒေါ်ချိုချိုခိုင်၊ သမီးဒေါက်တာနန်းယဉ်မင်းထွန်း မိသားစုမှ ရှမ်းပြည်နယ်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအတွက် အလှူငွေကျပ် (၅)သိန်းပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်သန်းဝင်းက လက်ခံရယူပြီး၊ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်း(၆၀) ဦး၊ တက္ကသိုလ်၊ ကောလိပ်၊ ဌာနဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူး(၄၀)ဦး စုစုပေါင်း(၁၀၀)ဦး တက်ရောက်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ(၂၉)ရက်မှ (၃၀)ရက်ထိ သင်ကြားပို့ချဆွေးနွေးသွား မည် ဖြစ်ကြောင်းသိရှိရသည်။

                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 50 guests and no members online

Latest Updates