ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ Taunggyi Shopping Center တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ကြီး   ဇန်နဝါရီ    ၂

842

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် ဌာနဆိုင်ရာများတို့နှင့်အတူ ဇန်နဝါရီ(၂)ရက်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ Taunggyi Shopping Center တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

   ပထမဦးစွာ Taunggyi Shopping Center တည်ဆောက်ရေး လုပ်ငန်းခွင် ရှင်းလင်းဆောင်ခန်းမ၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ရှင်းလင်းတင်ပြပြီး၊ သီဟ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် ဦးဇော်လင်းအောင်မှ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

   ဆက်လက်၍ အတိုင်ပင်ခံ အင်ဂျင်နီယာ Consultant  ဆရာကြီး ဦးအောင်မှ ဆွေးနွေးတင်ပြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြကြ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက လုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စများကို လမ်းညွှန်မှာကြားကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က Taunggyi Shopping Center တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ချက် များအပေါ် လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် အမှာစကားပြောကြားပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရှိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)