ရှမ်းပြည်နယ်သတင်းများ

အနည်းဆုံးအခကြေးငွေစာရင်းကောက်ယူရေးသင်တန်းဖွင့်

တောင်ကြီး ဇန်နဝါရီ - ၉

847

   အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အိမ်ထောင်စုများ၏ နေထိုင်စားသုံးစရိတ်များ အခြေအနေ စစ်တမ်းကောက်ယူရေး သင်တန်းကို ဇန်နဝါရီ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

   အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ၊ ရှမ်းပြည်နယ်အမျိုးသားကော်မတီ ဥက္ကဌ၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အနည်းဆုံးအခကြေးငွေစာရင်းကောက်ယူရေး သင်တန်ပို့ချမည့် အဖွဲ့ခေါင်းဆောင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်မှ အနည်းဆုံးအခကြေးငွေအကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြောင်းသိရသည်။

   ထို့နောက် အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုစရိတ် စစ်တမ်းကောက်ယူရေးမေးခွန်းလွှာများ နှင့် ပတ်သက်၍ ဦးထွန်းထွန်းဦး(သင်တန်းနည်းပြ)မှ ရှင်းလင်းပြီး၊ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများမှ သိရှိလိုသည် များကို မေးမြန်ကြကြောင်းသိရသည်။

   ၎င်းနောက် စာရင်းကောက်မေးခွန်းလွှာများနှင့် ပတ်သက်၍ လက်တွေ့လုပ်ဆောင်ကြပြီး၊ အနည်းဆုံးအခကြေးငွေ စာရင်းကောက်ယူရေး သင်တန်ပို့ချမည့် အဖွဲ့ခေါင်းဆောင် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်မှ နိဂုံးချုပ်စကားပြောကြား ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်/ ကယားပြည်နယ်ရှိမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၉၂)ဦး တက်ရောက်၍ သင်တန်းကို ဇန်နဝါရီ(၉)ရက်မှ (၁၀)ရက်အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီ အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။

                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates