ရှမ်းပြည်နယ်သတင်းများ

အသက်(၁၀၀)နှစ် နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်

တောင်ကြီး   ဇန်နဝါရီ   ၁၁

849

   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဂုဏ်ပြုခံ အသက်(၁၀၀)နှစ် နှင့်အထက် သက်ကြီး ဝါကြီး အဘိုး/အဘွားများအား နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇန်နဝါရီ(၁၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဘိုး/အဘွားများအား ဂုဏ်ပြုနူတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဘိုး/ အဘွားများအား နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ ကျပ်(၂)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေ ကျပ်(၁)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှ အဘိုး ဦးလုံစန်းတ၊ တောင်ကြီး မြို့နယ်မှ အဘွား ဒေါ်မန်းမာယာ၊ ညောင်ရွှေမြို့နယ်မှ အဘွားဒေါ်ငြိမ်တို့အား ပေးအပ်ပေးပြီး၊ ကိုယ်တိုင်မတက်ရောက်နိုင်သည့် အဘိုး/ အဘွားများ၏ ကိုယ်စားများကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်ခဲ့ကြောင်း သိရသည်။

850

   နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေပေးအပ် ဂုဏ်ပြုခံ အသက်(၁၀၀)နှစ် နှင့်အထက် အဘိုး/အဘွားများမှာ တောင်ကြီးခရိုင်/ လွိုင်လင်ခရိုင်/ လင်းခေး ခရိုင်တို့မှ စုစုပေါင်း အဘိုး/အဘွား (၁၆)ဦးတို့ဖြစ်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ တောင်ကြီးပညာရေးကောလိပ်မှ ဆရာမများ၊ သူနာပြုသင်တန်း ကျောင်းမှ သင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂုဏ်ပြုခံအဘိုး/အဘွားများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။

851

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့၊ ဟိုတယ်ဇုန် တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်ပြီး၊ ရှင်းလင်းဆောင် ခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ အင်းလေးဟိုတယ်ဇုန် စီမံကိန်းလမ်းနှင့် ဟိုတယ်နေရာများ၊ ဟိုတယ်ဇုန်မြေအသုံးချမှုအခြေအနေ၊ ဟိုတယ်ဇုန်မှလမ်းမိုင်အကွာအဝေး၊ ဟိုတယ်ဇုန် လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုတို့ကို ရှင်းလင်း တင်ပြပြီး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းတစ်ခုခြင်းအလိုက်၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည် များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မော်တော်ယာဉ်ဖြင့် ဟိုတယ်ဇုန်အတွင်း လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမည့် လျှပ်စစ်ဓါတ်အားခွဲရုံနှင့် မော်တော်စက်လှေဆိပ် ပြုလုပ်မည့်နေရာတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး၊ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မင်းကျန်စစ်ကုမ္ပဏီတို့မှ ဆောက်လုပ်လျက်ရှိသော အေးသာယာ ပြည်သူ့ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိလာပြီး၊ ရှင်းလင်းဆောင်ခန်းမတွင် မင်းကျန်စစ်ကုမ္ပဏီ ဒါရိုက်တာ ဦးနန္ဒာလှမြင့်မှ ပြည်သူ့ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြည်သူ့ဝန်ထမ်း အိမ်ရာ တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates