ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ ရှမ်းပြည်နယ် (လားရှိုးဒေသ)သို့ ဒေသဖွံ့ဖြိုးရေးနှင့် အခမဲ့ ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်မှု ခရီစဉ်

လားရှိုး    ဇန်နဝါရီ   ၁၀

853

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တွဲဘက် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းတို့ဦးဆောက်လျက် ဇန်နဝါရီ(၁၀)ရက်နေ့တွင် သီပေါဆေးရုံအုပ်ကြီး ဒေါက်တာနန်းရူပဟန်နှင့် အထူးကုဆရာဝန်ကြီးများ ပူးပေါင်းပါဝင်သော အဖွဲ့မှ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှုများကို ဆောင်ရွက်ခဲ့ကြပြီး၊ အခမဲ့ကွင်းဆင်းကုသရာတွင် ဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ သီပေါမြို့နယ် အားကစားကဏ္ဍအတွက် ဘောလုံး(၅)လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဘော်ကြိုကျေးရွာ အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှုတွင် လူနာ(၁၄၉)ဦးအား ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ နေ့လည်(၁၂)နာရီတွင် ကျောက်မဲဆေးရုံအုပ်ကြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ အောင်အောင်နှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် နောင်ချို မြို့နယ်အနီးရှိ ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေးကွင်းဆင်း စောင့်ရှောက် နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး၊ အခမဲ့ကွင်းဆင်း ကုသရာတွင် ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ နောင်ချို မြို့နယ်အားကစားကဏ္ဍအတွက် ဘောလုံး(၅)လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ နောင်ချိုမြို့နယ်အခမဲ့ ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုတွင် လူနာ(၁၂၅)ဦးအား ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။