ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရပ်စောက်မြို့နယ် ကြာအင်းကျေးရွာမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ထောက်ပံ့ငွေပေးအပ်ခြင်း

တောင်ကြီး   ဇန်နဝါရီ   ၁၆

854

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်မှုဖြင့် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ရပ်စောက်မြို့နယ်ကြာအင်းကျေးရွာသို့ အခမဲ့ ကျန်းမာရေးကွင်းဆင်း စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကြာအင်းကျေးရွာ၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၁)ဦး၊ အရိုးလူနာ(၂)ဦး၊ လည်ပင်းကြီးလူနာ(၁)ဦးတွေ့ရှိသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ပြီး အခမဲ့ခွဲစိတ်ကုသမှုခံယူရန်မှာကြားခဲ့ရာ လူနာများမှ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးသို့ တက်ရောက် ခွဲစိတ်ကုသမှုခံယူခဲ့သဖြင့် အဆိုပါလူနာများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးမှာ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် စဝ်စံထွန်းဆေးရုံကြီးသို့သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး၊ ခွဲစိတ် ကုသမှုခံယူခဲ့သော အရိုးလူနာ(၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် လူနာနှစ်ဦး အတွက် စုစုပေါင်း ငွေကျပ်(၁)သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

855