ရှမ်းပြည်နယ်သတင်းများ

မိုးပွင့်အထူးစီမံချက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်

တောင်ကြီး   ဇန်နဝါရီ   ၁၆

856

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အေးသာယာမြို့လယ် သာသနာ့ဗိမာန်၌ ဇန်နဝါရီ(၁၆)ရက် နံနက်(၁၀)နာရီခွဲက မိုးပွင့်အထူးစီမံချက် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ပေးအပ်ပွဲကို ကျင်းပကြောင်း သိရသည်။

   မိုးပွင့်အထူးစီမံချက် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်သွင်မှ ရှင်းလင်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများအား ရှေ့ရေး ပုံစံများကို ပေးပြီးဖြစ်၍ ပြည်သူများမှ ပုံစံများကို ဖြည့်ပေးရန်နှင့် ဖြည့်ပေးပြီးပါက စိစစ် စစ်ဆေး ဆောင်ရွက်၍ မိမိတို့ဌာနမှ တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ကာ (၆)လအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပြည်သူများ နားလည် သိရှိအောင် အသိပညာပေး၍ မှန်ကန်သောစာရင်းပေးပို့ရမည်ဖြစ်ကြောင်း၊ နိုင်ငံသား၏ တန်ဖိုးနှင့် အရည်အချင်းများကို မေ့လျော့နေကြကြောင်း၊ နိုင်ငံသားတစ်ယောက်ဖြစ်ပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်နိုင်ကြောင်း၊ နိုင်ငံသားမဟုတ်လျှင် ကိုယ်တိုင်ရွေးချယ်ခွင့် မရကြောင်းနှင့် အများပြည်သူဆန္ဒအရ မဲများပေးနိုင်ခွင့်မရှိနိုင်ကြောင်း၊ နိုင်ငံသားမဟုတ်ရင် ဆရာဝန်ဆေးကျောင်းတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ် တက်ရောက်သင်ယူလေ့လာခွင့် မရှိနိုင် ပါကြောင်း၊ ယခုထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို နိုင်ငံသားတစ်ဦးအနေဖြင့် စည်းကမ်းရှိစွာ တန်ဖိုးထား၍ကိုင်စေလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား၏ အနှစ်သာရသည် ဦးစီးဦးဆောင်မည့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ကိုယ်စားလှယ်များအား မဲပေးပိုင်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်ရပ်ကိုယ့်ရွာ၏အကျိုးသယ်ပိုးနိုင်မည့် ပြည်သူတို့မဲထည့်ရာတွင် နိုင်ငံသား စိစစ်ရေးကဒ်ပြားသည် အရေးကြီးကြောင်း၊ မိုးပွင့်အထူးစီမံချက် အနေဖြင့် ပြည်သူများ က စာရင်းဇယားများကို မှန်ကန်စွာ ပေးစေလိုကြောင်း၊ နိုင်ငံတော်မှ စေတနာနှင့် မိမိတို့ဌာန၏ ပြည်သူများကို စေတနာထား၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြား သွားသည်။

   ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် မျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်သွင်၊ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးသန့်ဇင်၊ အေးသာယာ ရပ်ကွက်(၈)အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေတို့က တက်ရောက် လာသည့် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပေးအပ်ပြီး၊ အေးသာယာရပ်ကွက်(၈)  အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ(ကိုယ်စား)၊ အေးသာယာရပ်ကွက်(၈)မှ ဒေါ်မြမြစန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားကြကြောင်း သိရသည်။

   ယခုလို နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြုလုပ်ပေးသည့်အတွက် မိမိ၏ သားသမီး (ကိုယ်စား)လာရောက်ရကြောင်း၊ အခက်အခဲမရှိပဲ အမြန်ဆုံးလွယ်ကူစွာရရှိသည့်အတွက် ကျေးဇူးတင်၍ ပျော်ရွှင်ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ပေးရာ ရပ်ကွက်ရုံးတွင် စာရွက်စာတမ်းများ၊ ဓါတ်ပုံများ၊ ကုန်ကျစရိတ်များသက်သာကြောင်း၊ တစ်ရက်နဲ့အပြီးဆောင်ရွက် ပေးသည့်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများချက်ချင်းရရှိပြီး ကျေနပ်ဝမ်းသာမိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အေးသာယာရပ်ကွက်(၈)၊ နယ်မြေ(၅/ခ)နေထိုင်သူ ဒေါ်တင်မိုးသူမှပြောသွားသည်။

   မိုးပွင့်အထူးစီမံချက်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ် ဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်၊ အေးသာယာ ရပ်ကွက်(၈)တွင်၊အိမ်ခြေ(၁၂၇၄)၊ အိမ်ထောင်စု(၁၃၁၀)၊ လူဦးရေ (၆၄၄၂)ဦးရှိရာ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၁၈၁)ဦး၊ အသက်(၁၀)နှစ်ပြည့်ပြီးသူ(၂၂၀)ဦး၊ နိုင်ငံ သားစိစစ်ရေးကဒ်ပြားပျောက်ဆုံး/ ပျက်စီးသူ (၅၅)ဦး၊ စုစုပေါင်း(၄၅၆)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကဒ်ပြားများပေးအပ်ခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အေးသာယာရပ်ကွက်(၈) အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံ မိဘပြည်သူ များ၊ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ကြောင်းသိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online

Latest Updates