ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်နီအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊

တောင်ကြီး ဇန်နဝါရီ  -  ၁၈

857

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်သည် ဇန်နဝါရီလ (၁၈)ရက်၊ နံနက်(၉)နာရီတွင် တောင်ကြီးမြို့၊ တောင်နီအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင်နှင့်အတူ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း၊ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

   ဆက်လက်၍ ကျောင်းအတွင်းရှိစာသင်ခန်းများ၊ မီဒီယာခန်းများကို လှည့်လည် ကြည့်ရှု့စစ်ဆေး၍ ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အခမ်းအနား တွင် အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ တောင်နီအခြေခံပညာအထက်တန်းကျောင်း အတွက် ကွန်ပျူတာ(၁)စုံနှင့် ငွေကျပ်(၁၀)သိန်းအား ကျောင်းအုပ် ဆရာမကြီးထံပေးအပ် လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

   ထို့နောက် တောင်နီမြို့ တွဲဘက်အခြေခံပညာမူလတန်းကျောင်းအား သွားရောက် စစ်ဆေးခဲ့ရာ မြို့နယ်အထောက်အကူပြုကော်မတီအဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော် ဆောင်များမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။