ရှမ်းပြည်နယ်သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဓနုမြေဘိုးဘွားရိပ်သာ အဆောက်အဦသစ်ဖွင့်လှစ်

တောင်ကြီး ဇန်နဝါရီ - ၂၀

859

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အော်ယောရပ်ကွက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာနမှလှူဒါန်းထားသည့် ဓနုမြေဘိုးဘွာရိပ်သာ အဆောက်အဦသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၂၀)ရက် နံနက်(၉)နာရီက အဆိုပါ ဘိုးဘွားရပ်သာ၌ ကျင်းပကြောင်း သိရသည်။ 

   ဓနုမြေဘိုးဘွားရိပ်သာအဆောက်အဦသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ ဦးထူးကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ဓနုမြေဘိုးဘွားရိပ်သာဆိုင်းဘုတ်အား၊ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ၊ ပြည်ထောင် စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကမ္ဗည်းမှတ်တမ်းအား နံသာရည်များဖြင့် ပက်ဖြန်းပေးကြပြီး၊ ဘိုးဘွားရိပ်သာ အဆောက်အဦအတွင်းလှည့်လည်ကြည့်ရှု၍ ဘိုးဘွားများအား ထောက်ပံငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ သိရသည်။ 

860

   ထို့နောက် အခမ်းအနားအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က အမှာစကားပြောကြားကြပြီး၊ ဓနုမြေဘိုးဘွားရိပ်သာနှင့် ပတ်သက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ ဦးထူးကိုကိုမှ ရှင်းလင်းတင်ပြကြောင်းသိရသည်။

   ၎င်းနောက် အလှူငွေများပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် မိသားစုမှ၊ အလှူငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ အလှူငွေကျပ်သိန်း(၃၀)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှပေးအပ်ရာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှလက်ခံရယူပြီး၊ အလှူရှင်များမှ လှူဒါန်းသော အလှူငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူတို့က အသီးသီးလက်ခံရယူ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 56 guests and no members online

Latest Updates