ရှမ်းပြည်နယ်သတင်းများ

၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင် စျေးပြိုင်လေလံတင်ရောင်းချ

တောင်ကြီး ဇန်နဝါရီ - ၂၉

 869

   တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် မြို့ဝင်ကြေးဘီးကောက် လုပ်ငန်းလိုင်စင်တစ်ခု သက်တမ်းတိုးခြင်းနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၂)ခုအား စျေးပြိုင်လေလံတင်ရောင်းချခြင်းကို ဇန်နဝါရီ(၂၉)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ဦးစွန်းကြိုင်မှ စျေးပြိုင်လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ 

   ဆက်လက်၍ လေလံရောင်းချရေးအဖွဲ့ ဥက္ကဌ မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးမှ လေလံစည်းကမ်းချက်များ အား ဖတ်ကြားရှင်းလင်း၍ လေလံဆွဲဝယ် လုပ်ကိုင်လိုသူများမှ မရှင်းလင်းသည့်အချက်အလက်များအား ဆွေးနွေးကြကြောင်းသိရသည်။ 

   ထို့နောက်  မြို့ဝင်ကြေးဘီးကောက်(သစ်တောဂိတ်) လိုင်စင်တစ်ခုအား သက်တမ်းတိုးရောင်းချခြင်း နှင့် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင်(၃၂)ခုအား စျေးပြိုင်လေလံတင်ရောင်းချပြီး၊ အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်(၃၂)ခုအနက် ၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်အတွက် လေလံအောင်မြင်သည့် အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုချင်းစီအား ဖတ်ကြား ကြေညာသည်။

   အဆိုပါအခမ်းနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ တောင်ကြီးမြို့နယ် အထောက်အကူပြုကော်မတီ၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လေလံဆွဲလုပ်ငန်းရှင်များ တက်ရောက် ကြကြောင်းသိရှိရသည်။ 

                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online

Latest Updates