ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ်၊ လာရှိုးဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းနှင့် အခမဲ့ကျန်းမားရေးကွင်းဆင်းစောင့်ရှောက်ခြင်း(ကွမ်းလုံ)

တောင်ကြီး ဇန်နဝါရီ - ၃၁

 872

  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဦးဆောင်မှုဖြင့် တွဲဖက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ လောက်ကိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာဇင်ကိုအောင်နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့မှ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက် နေ့တွင် ကွမ်းလုံမြို့နယ်၊ ဝန်ထမ်းရပ်ကွက်သို့ အခမဲ့ကျန်းမာရေးကွင်းဆင်း စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်း ခဲ့ပါသည်။ ကွမ်းလုံမြို့နယ် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုတွင် လူနာ(၈၄၀)ဦးအား အခမဲ့ ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်တို့သည် ကွမ်းလုံမြို့မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေးကြည့်ရှု့ပြီး၊ အားကစားရုံတည်ဆောက် နေသော တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန်နှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။