ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ်၊ လာရှိုးဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းနှင့် အခမဲ့ကျန်းမားရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး ဖေဖေါ်ဝါရီ - ၁

872

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းကြူ၊ တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာဒီပတ်တို့၏ဦးဆောင်မှုဖြင့် လားရှိုးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး များပါဝင်သောအဖွဲ့သည် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာ၊ နောင်မွန်အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျေးရွာနေဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆေးဝါးများဝယယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်းခဲ့ပါသည်။ နောင်မွန်ကျေးရွာ အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှုတွင် လူနာ(၄၉၀)ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည့် လားရှိုးဆေးရုံကြီးတိုးချဲ့(၂)ထပ်လူနာဆောင်၊ (၄)ခန်းတွဲ၊ (၄)ထပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက် သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက် လားရှိုးနည်းပညာတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်နှင့်အတူ လားရှိုးနည်းပညာ တက္ကသိုလ်(၁)ထပ် သံကူကွန်ကရစ် အလုပ်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

  ဆက်လက်၍ လားရှိုးပညာရေးကောလိပ်ကျောင်းအုပ်ကြီးဦးစိုးသန့်နှင့်အတူ လေ့ကျင့်ရေး အလယ်တန်းကျောင်း (၂)ထပ်စာသင်ဆောင်၊ မူကြိုဆောင်တည်ဆောက်ရေးလုပ်ငန်းများနှင့် လားရှိုးပညာရေးကောလိပ် Transformer တည်ဆောက်ရေးနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 50 guests and no members online

Latest Updates