မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ တောင်ကြီးမြို့၌ ဆင်နွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၂

 873

   ၂၀၁၅ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲဖွင့်ပွဲကို ဖေဖေါ်ဝါရီလ(၂)ရက် ညနေ(၂)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ထမနဲပွဲတော်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ကြောင်းသိရသည်။

   ဆက်လက်၍ အခမ်းအနား ဒုတိယအပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်မှ သေနတ်ပစ်ဖောက်ဖွင့်လှစ်၍ ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ထမနဲထိုးပြိုင်ကွင်းအတွင်း လိုက်လံကြည့်ရှုအားပေး ကြကြောင်းသိရသည်။

874

   ထို့နောက် ဆုချီးမြှင့်ပွဲမစတင်မီ ယဉ်ကျေးမှုအကအဖွဲ့မှ တိုင်းရင်းသားရိုးရာအကများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး၊ ယဉ်ကျေးမှုအကအဖွဲ့ကို ဂုဏ်ပြုဆုချီးမြှင့်ရာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍လည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲဆုချီးမြှင့်ရာ နှစ်သိမ့်ဆု (၁)မှ(၁၀)ရရှိသောအသင်းများကို ပြည်နယ်ဝန်ကြီးများမှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ ဒသမဆုမှ သတ္တမဆုရရှိသောအသင်းများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှလည်းကောင်း၊ ဆဌမဆုမှ စတုတ္ထဆု ရရှိသော အသင်းများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယတရားရုံးနှင့် ရှမ်းပြည်နယ်ဥပဒေရုံးကိုယ်စားပြုအသင်း၊ ဒုတိယဆုရရှိသော ပြည်တော်သာ ရပ်ကွက်အသင်းနှင့် ပထမဆုရရှိသော သစ်တောရပ်ကွက်အသင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆုများကို အသီးသီးချီးမြှင့်ပေးကြကာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ထမနဲထုပ်များဝေငှ ပေးကြကြောင်းသိရှိရသည်။

   မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်(၆၂)သင်းအနက် (၅၉)သင်းဝင်ရောက်ယှဉ်ပြိုင်ကြကာ ပထမဆု ငွေကျပ်(၂)သိန်း၊ ဒုတိယဆု ငွေကျပ်(၁)သိန်း၊ တတိယဆု ငွေကျပ်(၁)သိန်း၊ စတုတ္ထဆုငွေကျပ်(၁)သိန်း(၄)သောင်း၊ ပဉ္စမဆုငွေကျပ်(၁)သိန်း (၂)သောင်း၊ ဆဌမဆုငွေကျပ်(၁)သိန်း၊ သတ္တမဆုငွေကျပ်(၈)သောင်း၊ အဌမဆုငွေကျပ်(၆)သောင်း၊ နဝမဆုငွေကျပ်(၄)သောင်း၊ ဒသမဆု ငွေကျပ်(၃)သောင်း၊ နှစ်သိမ့်ဆုရရှိသောအသင်းများကို ငွေကျပ်(၂)သောင်းနှုန်းစီးဖြင့် ချီးမြှင့်ပေးကြပြီး၊ ထမနဲထိုးပြိုင်ပွဲတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒေသခံမိဘ ပြည်သူများတက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)