ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုမှ အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၆

875

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ဖေဖေါ်ဝါရီလ(၆)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုမှ အကြီးတန်း ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel အဖွဲ့နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ် များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။

ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဆွေးနွေးရာ ငြိမ်းချမ်းရေးကိစ္စရပ်များသည် ဆွေးနွေးနေကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့အစည်း အမည်များကို ရှင်းလင်းပြောကြား၍၊ ငြိမ်းချမ်းရေးအဖွဲ့နှင့် ပတ်သက်၍ စစ်ပြေးရှောင် မိသားစုဝင်များရှိ ကြောင်း၊ နမ့်ခမ်း၊ နမ္မတူ၊ မိုးမိတ်ဒေသတွင် စစ်ပြေးရှောင်ပြည်သူများရှိ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူသားချင်း စာနာထောက်ထားမှုဖြင့် စားရေးသောက်ရေးကိစ္စရပ်များကို ကူညီပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ပွန်ချောင်းဒေသတွင် ဘိန်းစိုက်ပျိုးမှုအနည်းငယ်ရှိကြောင်း၊ ဆောင်းရာသီကာလတွင် ပူးပေါင်းအဖွဲ့များနှင့် ဖျက်ဆီး လျက်ရှိကြောင်း၊ ပြီးခဲ့သောနှစ်တွင် ဧက(၄)သောင်းကျော်ကို (၂၀၁၃-၂၀၁၄)ခုနှစ်တွင် ဖျက်ဆီးပြီး၊ ယခုနှစ်တွင် ဧကပေါင်း(၃)သောင်းကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖျက်ဆီးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နှစ်စဉ် ဇွန်လ(၂၆)ရက်နေ့တွင် ဖမ်းဆီးမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ ဒေသခံ တိုင်းရင်းသားများသည် ဘိန်းစိုက်ပျိုးမှုရှိနေသေးကြောင်း၊ စိတ်ကြွရှုးသွပ်ဆေးပြား၊ ဓါတုပစ္စည်း များကို နယ်စပ်ဒေသတွင် လျှို့ဝှက်လုပ်ဆောင်လျက်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးတောင်သူအနေဖြင့် အစားထိုးသီးနှံများ ဆောင်ရွက်ပေးပါက ဘိန်းစိုက်ပျိုးမှု လျော့ကြနိုင်ကြောင်း၊ (၁၉၈၀)ခုနှစ်တွင် အမေရိကန်အစိုးရအဖွဲ့မှ ဘိန်းစိုက်ပျိုးမှုဖျက်ဆီးရေးတွင် အကူအညီများပေးခဲ့ကြောင်း၊ ဆေးဖြန်း လေယာဉ်များဖြင့် လေကြောင်းမှ ကူညီခဲ့၍ ဘိန်းစိုက်ခင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လျော့ကြသွားကြောင်း၊ ရှမ်းပြည်နယ်(တောင်းပိုင်း)တွင် ပွန်ချောင်းပတ်ဝန်ကျင်းဒေသသည် တောင်တန်းပေါများ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်းနှင့် မိတ်ဆွေတို့ဘက်မှ သိရှိလိုသည် များကို ဆွေးနွေးနိုင်ကြောင်း၊ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားလိုကြောင်း၊ အဓိကစိုက်ပျိုးသည့် စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးလျက်ရှိ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်များကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ တင်ပို့လျက်ရှိပြီး၊ အခြား သီးနှံများဖြစ်သည့် ပြောင်းတို့ကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ပေးပို့လျက်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ထိုင်းနှင့် တရုတ်ဖြစ်ပြီး တရုတ်နိုင်ငံကိုအများဆုံးတင်ပို့လျက်ရှိကြောင်း၊ အခြားသီးနှံအခြေခံစိုက်ပျိုးထုတ်လုပ်မှုတွင် တိုင်းရင်းသားအနေဖြင့် အကျိုးခံစားခွင့် သိပ်မရရှိ ကြောင်း၊ နိုင်ငံတကာစားသောက်ကုန်တွင် အဓိက ဆန် နှင့် ပြောင်းတို့ကို တင်ပို့နိုင်ရန် အခက်အခဲ ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံကို တင်ပို့ခွင့်ရမည်ဆိုပါက နိုင်ငံအတွက်နှင့် တိုင်းရင်းသားများအတွက်ပါ အကျိုးရှိကြောင်း၊ ယခုလို မိတ်ဆွေဘက်မှ သိရှိနားလည်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီ(၁၀)ဖွဲ့ရှိကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသည့် တိုင်းရင်းသား ကိုယ်စားလှယ် များဖြစ်ကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာဗျူရိုမှ အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel မှ ဆွေးနွေးရာ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်အချိန်ပေးပြီး တွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ကို ပထမဆုံးလာရောက်ရခြင်းနှင့် နိုင်ငံရေးနှင့်ပတ်သက်၍ အပစ်အခက်ရပ်စဲရေးတွင် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ပြီး၊ ယုံကြည်မှုကို ဘယ်လိုရယူလဲ သိရှိလိုကြောင်း၊ ဒီမိုကရေစီကို လွတ်လပ်ပြီး လုပ်ရပ်နှင့်ဖြစ်စဉ်များကို ပြည်သူလူထုမှ ဘယ်လိုလက်ခံမလဲ၊ ယုံကြည်မှုအတိုင်းအတာသည် တွေ့ဆုံမှုအတိုင်းအတာဖြစ်ကြောင်း၊ စနစ်ဟောင်းတွင် ဖြစ်ရပ်ဖြစ်စဉ်နှင့် ရှင်းပြပြီးဖြစ်၍ ဒီမိုကရေစီအနေဖြင့် ပြည်သူများနှင့်ထိတွေ့မှု၊ တွေ့ဆုံမှု၊ အစိုးရအဖွဲ့နှင့် တွေ့ဆုံမှုများရှိပါသလား ဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အထောက်အကူပြုကော်မတီ၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ ရပ်ကွက်ကျေးရွာ အထောက်အကူပြုကော်မတီများဖွဲ့စည်းထားပြီး၊ ပြည်သူများနှင့် နှစ်စဉ်၊ လစဉ် တွေ့ဆုံမှုရှိကြောင်း၊ နိုင်ငံတော်အခမ်းအနားတွင်လည်း တွေ့ဆုံမှုရှိကြောင်း၊ သီးခြားတွေ့ဆုံမှုမရှိကြောင်း ပြန်လည် ဆွေးနွေးသွားပြီး၊ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေး ရာဗျူရိုမှ အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel မှ အမေရိကန်ရှိခေါင်းဆောင်များ၊ ဦးစီးဦးဆောင်သည့်အဖွဲ့များသည် မြန်မာနိုင်ငံကို စိတ်ဝင်စား ကြောင်း ပြောကြားဆွေးနွေးသွားပြီး၊ နှစ်နိုင်ငံ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 40 guests and no members online

Latest Updates