ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့အကြို၊ မူကြိုကလေးငယ်များအား လေ့လာရေးခရီးပို့ဆောင

တောင်ကြီး ဖေဖေါ်ဝါရီ - ၆

 881

   ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီ(၁၃)ရက်တွင် ကျရောက်မည့် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီး၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်(၂၅၀)တို့အား ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီ(၆)ရက်နေ့ နံနက်ပိုင်းက ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများ၊ မိဘဆရာအသင်းတို့က ကြီးကြပ်ပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်၊ စူဌာမုနိလောကချမ်းသာဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် ကြိုးတံတားပန်းခြံများသို့ ပြင်ပ လေ့လာရေး ခရီးပို့ဆောင်ခဲ့ကြောင်းသိရသည်။

882

   ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွီခိဏ်းဟမ်က ကလေးငယ်များ၏စိတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံပေါ်ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမြော်အမြင်ကြီးမှုနှင့် မာန်မာနမထားတတ်မှု၊ အမျိုးသားရေးစိတ်ဓါတ်တို့ ကိန်းအောင် စေရေးအတွက် ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြင့်သတ်မှတ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင်းပသကဲ့သို့ ကမ္ဘာ့အရပ်ရပ်တွင်လည်း နိုင်ငံတိုင်းက ကလေးများနေ့ကို နေ့ထူးနေ့မြတ်အဖြင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပပေးလျှက်ရှိကြောင်း၊ ကလေးများ ကိုယ့်အားကိုယ်ကိုးလိုစိတ်၊ ပေါင်းသင်းဆက်ဆံရေးနှင့် မိမိကိုကိုယ်ယုံကြည်စိတ်ချပြီး၊ တီထွင်ဖန်တီးလိုစိတ်နှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသောစိတ်များ ထာဝရထားရှိနိုင်ရန်အတွက် ရည်ရွယ်၍ ပြောကြားသွားကြောင်းသိရှိရသည်။

                                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)