ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)ကျင်းပ

တောင်ကြီး  ဖေဖေါ်ဝါရီ   ၂၄

922

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅) အခမ်းအနားကို  ဖေဖေါ်ဝါရီလ(၂၄)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တင်ပြထားသည့် အစီရင်ခံစာ အပိုင်း(၁)မှ (၇)အထိ မြေယာမှုများ စိစစ်ဖြေရှင်းပြီးမှုများကို တင်ပြပေးရန်နှင့် စွန့်လွှတ်အပ်နှံ မြေများကို ပြန်လည်ပေးအပ်သည့်အခြေအနေ၊ ဆက်လက်လွှဲပြောင်းပေးမည့် အခြေအနေများကို တင်ပြပေးကြရာ လိုအပ်မှာဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စများကို မြေလွတ်၊မြေရိုင်း စီမံခန့်ခွဲမှုကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးရမှာဖြစ်ကြောင်း၊ အစီအရင်ခံစာအပိုင်း(၆)(၇)များကို ဇန်နဝါရီလကုန် ဖြေရှင်းပြီးပြတ်ရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ် မြေအသုံးချမှု ကော်မတီအနေဖြင့် အစိုးရအဖွဲ့က ဖြေရှင်းပေးမှုများကို ပြီးပြတ်အောင်ဖြေရှင်းပေးနိုင်သော်လည်း ဝန်ကြီးဌာနက ဖြေရှင်းရမည့်ကိစ္စများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး သဘောထားရရှိမှသာ ဖြေရှင်းပြီးပြတ်နိုင်မှာဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ သဘောထားရရှိအောင် မြေအသုံးချမှု စီမံခန့်ခွဲရေး (ဗဟို)ကော်မတီကို ဆက်လက်တင်ပြရမှာဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနများတွင် မြေယာမှုခင်းများ များပြားသည့်အတွက် ဝန်ကြီးဌာနသဘောထားရရှိရန် တောင်းခံသွားရမှာ ဖြစ်ကြောင်း၊ အစီအရင်ခံစာပါ မြေယာမှုများတွင် အကြောင်းအရင်းခိုင်မာ၍ မစွန့်လွှတ်သည့် မြေများကို ဝန်ကြီးဌာန(သို့မဟုတ်) ကုမ္ပဏီမှ ဖြေရှင်းပေးရမည့်ကိစ္စများကို ပြန်စိစစ်ပြီး၊ သိမ်းဆည်းခံရသည့် တောင်သူများ ခိုင်လုံသည့်အထောက်အထား၊ အရည်အချင်းရှိသည့် သက်သေ ရှိ/ မရှိ၊ အမှန်သိမ်းယူစဉ်က လျော်ကြေးပေးပြီး ဖြစ်/ မဖြစ်၊ အစားထိုးမြေပေးအပ်မှု ရှိ/ မရှိ၊ ဥပဒေနှင့်အညီ သိမ်းယူခဲ့ခြင်း ဟုတ်/မဟုတ်၊ မြေယာအသုံးပြုပြီး ဖြစ်/ မဖြစ်၊ မြေကျန်ရှိမှု ရှိ/ မရှိ၊ ယင်းမြေ၏ မြေရာဇဝင်များကို ပြန်စိစစ်ပြီး ဝန်ကြီးဌာနနှင့် ဆိုင်သည့်ကိစ္စများကို အပြီးအပြတ်ဆောင်ရွက်ပေးနိုင်အောင် သဘောထားရရှိရေး၊ မြေအသုံးချမှုစီမံခန့်ခွဲရေး(ဗဟို) ကော်မတီကို တင်ပြထားရန် လိုအပ်မှာဖြစ်ကြောင်း၊ ကုမ္ပဏီအဖွဲ့အစည်းများကလည်း စိစစ်ပြီး၊ သက်ဆိုင်ရာ မြေလွတ်၊ မြေရိုင်း (ဗဟို)အဖွဲ့က ရရှိထားပြီး၊ စိစစ်တင်ပြပေးရန်နှင့် လျော်ကြေးပေးရမည့်ကိစ္စများကိုလည်း ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် စိစစ်ပြီး ဆုံးဖြတ်တင်ပြ ထားရမှာဖြစ်ကြောင်း၊ လျော်ကြေးငွေပေးအပ်ပြီး ကိစ္စများကိုလည်း စနစ်တကျမှတ်တမ်းထားရှိ၍ ခရိုင်များကလည်း ဖြေရှင်းတင်ပြမှုများကို အကြောင်းအရင်းခိုင်မာစွာဖြင့် တင်ပြရန် ထပ်မံမှာကြား လိုကြောင်း၊ ရှမ်းပြည်နယ် မြေယာမှုခင်းပြဿနာပေါင်း (၁၃၂၃)မှုကိုလည်း ယခုလကုန်တွင် အပြီးပို့နိုင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ သဘောထားရရှိရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်ကူညီပေးကြရန် လိုအပ်မှာဖြစ်ကြောင်း၊ သီးခြားတိုင်စာများကိုလည်း အလေးထားဖြေရှင်းပေးကြရန်နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီကို စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်မှု တစ်လလျှင် နှစ်ကြိမ် စာရင်းပြုစုတင်ပြပေးကြရန်၊ မစွန့်လွှတ်သည့်မြေများကိုလည်း ဝန်ကြီးဌာနနှင့် ကုမ္ပဏီအဖွဲ့အစည်းများက ဆောင်ရွက်ပေးမည့်သဘောထားများကို ခရိုင်/ မြို့နယ်များက စိစစ်ညှိနှိုင်း ဆုံးဖြတ်တင်ပြလာသည့်များထဲက ခိုင်မာသည့်ကိစ္စများကို မြေအသုံးချမှုစီမံခန့်ခွဲရေး (ဗဟို)ကော်မတီကို ဆက်လက်တင်ပြ ဆောင်ရွက်သွားကြရန်၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်ပူးပေါင်းအကြံပြုဆောင်ရွက် ပေးကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြပြီး၊ တက်ရောက်လာကြသည်များမှ အထွေထွေဆွေးနွေးတင်ပြ ကြကြောင်းသိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြေစာရင်းဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။                    

                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 54 guests and no members online

Latest Updates