ရှမ်းပြည်နယ်သတင်းများ

ကျောက်တလုံးကြီး ရေလှောင်တမံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖေါ်ဝါရီလ - ၂၅

 925

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ သောက်သုံးရေဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုးပြည်ရေးကို ရှေးရှု၍ အချိန်တိုအတွင်း ပြီးစီနိုင်မည့် အသေးစား၊ အလတ်စား ဆည်မြောင်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖေါ်ဝါရီ ၂၅ရက် နံနက်(၉)နာရီက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီအဖွဲ့၊ ဥက္ကဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့်  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီး ရေလှောင်တမံစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး၊ ရေလှောင်တမံ တည်ဆောက်ခြင်းစီမံကိန်းတာဝန်ခံများမှ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌတို့က ဖြည့်စွက်၍ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်တင်ပြရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်တို့သည် ရှင်းလင်းဆောင်ခန်းမရှုရပ်မှ ရေလောင်တမံတည်ဆောက် နေမှုများအား လှည့်လည်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောက်တလုံးရေလှောင်တမံသည် ပူးလာချောင်းနှင့် ပလောင်ခယ်ချောင်းပေါ်မှာ တည်ရှိပြီး တမံအမျိုးစားမှာ မြေသာတမံဖြစ်၍၊ အလျား(၁၄၇၃)ပေ၊ တမံအမြင့်(၄၀)ပေ၊ ကန်ရေပြည့်လှောင်နိုင်မှုပမာဏ (၂၈၆.၅)ဧက ပေနှင့် ရေဂါလန် (၇၈)သန်း သိုလှောင်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 48 guests and no members online

Latest Updates