ရှမ်းပြည်နယ်သတင်းများ

စည်ပင်သာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေး

တောင်ကြီး ဖေဖေါ်ဝါရီ - ၂၈

926

   ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ(၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လုပ်ငန်းလမ်းညွှန်း အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။

   ဆက်လက်၍ အာရှဖောင်ဒေးရှင်းအဖွဲ့၊ Mr.David Evertsen မှ ဆွေးနွေးပွဲဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ထောက်ပံ့ငွေကျပ်သန်း(၄၅၀)အား မြို့နယ်၊ မြို့နယ်ခွဲ စည်ပင်သာယာရေး ကော်မတီများသို့ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ရှမ်းပြည်နယ်(လားရှိုး)ဒေသရှိ မြို့နယ်များအတွက် မြို့ပြလမ်း၊ ရေပေးရေးလုပ်ငန်းများဆောင်ရွက်ရန် ထောက်ပံ့ငွေအား ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူး၊ ရှမ်းပြည်နယ်(ကျိုင်းတုံ)ဒေသရှိ မြို့နယ်များအတွက် မြို့ပြလမ်း၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းထိုက်နှင့် အမှိုက်သိမ်းယာဉ်(၇)စီး ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်တောင်ကြီးဒေသရှိ မြို့နယ်များအတွက် မြို့ပြလမ်း၊ ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေအား ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်းတို့မှ အသီးသီးလက်ခံရယူကြကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ လားရှိုးမြို့နယ်အတွက် မြို့ပြလမ်းဆောင်ရွက်ရန် ထောက်ပံ့ငွေပေးအပ်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူးမှ လက်ခံ၍လည်းကောင်း၊ တောင်ကြီးမြို့နယ်အတွက် မြို့ပြလမ်း ဆောင်ရွက်ရန် ထောက်ပံ့ငွေအား ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးမောင်မောင်မြင့်မှ လက်ခံရယူ ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန လုပ်ငန်းဆောင်ရွက်မှု ဓါတ်ပုံမှတ်တမ်းများအား လှည့်လည်ကြည့်ရှုအားပေး ကြကြောင်းသိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသာရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကောမတီအဖွဲ့ဝင်များ၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီရုံးခွဲ လားရှိုးဒေသနှင့် ကျိုးတုံးဒေသမှ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဌာနခွဲ လားရှိုး၊ ကျိုင်းတုံဒေသဌာနခွဲ တာဝန်ခံနှင့် မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိများ၊  တာဝန်ခံအင်ဂျင်နီယာဝန်ထမ်း များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ စုစုပေါင်းအင်းအား(၂၇၀)ဦး တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 53 guests and no members online

Latest Updates