ရှမ်းပြည်နယ်သတင်းများ

ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ချို့တဲ့နွမ်းပါးသော သက်ကြီးဘိုးဘွားများအား လစဉ် ထောက်ပံ့လှူဒါန်း

တောင်ကြီး ဖေဖေါ်ဝါရီလ - ၂၈

927

   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊  ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ချို့တဲ့နွမ်းပါးသော သက်ကြီးဘိုးဘွားများအား လစဉ်ထောက်ပံ့လှူဒါန်းခြင်းကို ဖေဖေါ်ဝါရီ (၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

  အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ အခမ်းအနားကျင်းပရခြင်း ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို ရာစုသစ်သွေးလှူရှင်နှင့် လူမှုစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမိုးကျော်သူမှ ရှင်းလင်း တင်ပြပြီး၊ အဘိုးအဘွားများအား ဘိုးဘွားကန်တော့ကျိုးဖြင့် ကန်တော့ကြကြောင်းသိရသည်။

   ဆက်လက်၍ အဘိုးအဘွားများ၏ကိုယ်စား အဘိုးတစ်ဦးမှ ကန်တော့ကျိုးပြန်လည်ချီးမြှင့်ပေးပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့မှ အဘိုးအဘွားများအား ကန်တော့ပစ္စည်းများဖြစ်သည့်  ဆန်၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည်၊ အားဆေး၊ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး၊ အာဟာရငှက်သိုက်ဗူးများ ပေးအပ်ကန်တော့၍ ချို့တဲ့နွမ်းပါးအဘိုးအဘွား အသက်(၈၀)နှစ်အထက် အဘိုးအဘွား(၂၀)ဦးတက်ရောက်ကန်တော့ခံကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်း လိုက်ပြီး၊ အဆိုပါ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ဖိတ်ကြားထားသည့် ပရဟိတအသင်းများ၊ ကန်တော့ခံ အဘိုး၊ အဘွားများ စုစုပေါင်းအင်အား(၈၀)ဦးခန့် တက်ရောက်ကြ ကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးတို့သည် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး၌ နီပေါနိုင်ငံမျက်စိအထူးကုဆရာဝန်များမှ လာရောက်၍ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ မျက်စိဝေဒနာရှင် (၁၇၀)ဦးခန့်အား ဒုတိယနေ့တွင် အခမဲ့ခွဲစိတ်ကုသနေမှုကို သွားရောက်လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 156 guests and no members online