တောင်ကြီးမြို့နယ်၊ ရွှေညောင်ဌာန၌ စက်သုံးဆီအရောင်းဆိုင်များ (ရှမ်း/တောင်)မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲကျင်းပ

တောင်ကြီး    မတ်လ     ၁

928

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရွှေညောင်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ၊ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှကြီးမှူးကျင်းပသော တောင်ကြီးမြို့နယ်၊ ရွှေညောင်တွင် စက်သုံးဆီအရောင်းဆိုင်များ (ရှမ်း/တောင်)မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပညာပေးဟောပြောပို့ချပွဲနှင့် သရုပ်ပြပွဲကို မတ်လ(၁)ရက်နေ့ နံနက်(၉) နာရီက ရွှေညောင်ဌာန ခွဲ(က)အဆင့် ရွှေနံ့သာ အစည်းအဝေးခန်းမ၊ ရွှေညောင်-ရပ်စောက်လမ်း၊ သုခချမ်းသာ(၁)တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပို့ချပွဲနှင့် သရုပ်ပြပွဲအစီအစဉ်အရ ရှမ်းပြည်နယ်၊ ရေနံထွက် ပစ္စည်းများတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ရွှေညောင်ဌာနခွဲ(က)အဆင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမန်နေဂျာ ဦးစိုးတင့်က (ပက်ထရိုလီယမ် ပရောဒက်(စ်) ဟန်းလင်း ပရောစက်စ်) PertoLeum Products Hand Ling  Process နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ပြည်နယ်မီးသတ် တပ်ဖွဲ့မှူးရုံး ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူက သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အထွေထွေလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်းဟောပြောပေးခဲ့သည်။

   ထိုနောက် လက်တွေ့သရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် သရုပ်ပြသရာတွင် နယ်မြေမီးသတ်စခန်း၊ ဒုတိယဦးစီးမှူး ဦးမြင့်သန်းကဦးဆောင်၍ သန္ဓေ(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၁၅)ဦးနှင့် မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့က လက်တွေ့ မီးငြိမ်းသတ်ပုံများကို လက်တွေ့ပြသလေ့ကျင့်ပေးခဲ့ကြသည်။ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များကလည်း စိတ်ပါဝင်စားစွာကြည့်ရှုပြီး၊ မိမိတို့ စက်သုံးဆီအရောင်းဆိုင်များတွင် ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက် လေ့ကျင့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ရွှေညောင် ဌာနခွဲ(က)အဆင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမန်နေဂျာ ဦးစိုးတင့်၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ဌာနခွဲမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်သုံးဆီအရောင်းဆိုင်ကိုယ်စားလှယ်များ၊ အခြား စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၁၈၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                      စိုင်းသန်းကျော်(တောင်ကြီး)