ရှမ်းပြည်နယ်သတင်းများ

ရွှေဘုန်းပွင့်ဘုရား ဧကဒဿမအကြိမ် ဗုဒ္ဓပူဇနိယပွဲ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်နေ့စဉ် ပူဇော်ခြင်းနှင့် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်

တောင်ကြီး မတ် - ၂

929

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားစေတီတော် ရင်ပြင်တော်ပေါ်တွင် ဧကဒဿမအကြိမ် ဗုဒ္ဓပူဇနိယပွဲ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် နေ့စဉ်ပူဇော်ခြင်းနှင့် အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၂ရက် နံနက်(၉)နာရီခွဲက အဆိုပါဘုရား၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့နှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဂေါပကအဖွဲ့မှ ဦးသိန်းစိုးက နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များ၊ ပရိသတ်များတို့က တောင်ကြီးမြို့ ဘုရားကြီးအနောက်ကျောင်းဆရာတော် နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်ဂန္တဝါစကပဏ္ဍိတထံ ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်ကို နားကြားကြကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်ကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်နှင့် ရေစက်သွန်းချ တရားနာကြား၍ အမျှပေးဝေကြကြောင်းသိရသည်။

   ၎င်နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွှေဘုန်းပွင့် စေတီရင်ပြင်တော်ပေါ်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်(၁၇)ပါးအား နေ့ဆွမ်းဆက်ကပ် ကြကြောင်းသိရသည်။

   အဆိုပါ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီရင်ပြင်တော်ပေါ်တွင် နေ့စဉ်ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ခြင်းနှင့် အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို ဆရာတော်၊ သံဃာတော်များဖြင့် မတ်လ (၂)ရက်မှ (၇)ရက်နေ့အထိ ကျင်းပသွာမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 105 guests and no members online

Latest Updates