ရှမ်းပြည်နယ်သတင်းများ

Silver Dove ကုမ္ပဏီမှ အစေ့ထုတ်ပြောင်း မျိုးစေ့ H-888 အား သမဝါယမအသင်းသားများသို့ မိတ်ဆက်ပွဲပြုလုပ်

တောင်ကြီး မတ် ၅

932

   ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အနေဖြင့် သမဝါယမဝန်ကြီးဌာနမှ ရည်မှန်းထားသော နည်းပညာ၊ သွင်းအားစုနှင့် သတင်းအချက်အလက် အရင်းအမြစ် (Technology, Material and Information Network) တည်ဆောက်နိုင်ရေး ဦးတည်လျှက် တောင်သူများအား မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး၊ Silver Doveကုမ္ပဏီမှ “သရဖူအမှတ်တံဆိပ်” H-888 အစေ့ထုတ်ပြောင်း မျိုးစေ့အား သမဝါယမအသင်းများမှတဆင့် အသင်းသားများသို့ ဖြန့်ဖြူးနိုင်ရေး၊ အတွက်မိတ်ဆက်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် (၅.၃.၂၀၁၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်ပြီး သမဝါယမအသင်းသူ/အသင်းသား များအား စိုက်ပျိုးစရိတ်ချေးငွေ အရင်းအနှီးများကို သက်သာသော အတိုးနှုန်းများဖြင့် ထုတ်ချေးပေးယုံသာမက တောင်သူများ လိုအပ်သော နည်းပညာ၊ မျိုး၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံး/လုပ်ငန်းသုံး စက်ကိရိယာများစသော Material and Technology Inputsများနှင့် ပံ့ပိုးကူညီနိုင်ရေး ဆက်စပ်ဆောင်ရွက် ပေးနိုင်မှသာ သမဝါယမအသင်းများ ရေရှည်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

933

   ထို့နောက် Silver Dove ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျင့်ထိုင်မှ H-888 အစေ့ ထုတ်ပြောင်း မျိုးစေ့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော သမဝါယမအသင်းသား/အသင်းသူများမှ သိလိုသည်များအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပြီး အခမ်းအနားကို  နေ့လည်(၂)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမ အသင်းစုချုပ်မှ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်သမဝါယမ ဦးစီးဌာနများမှ ဦးစီးအရာရှိများနှင့် သမဝါယမအသင်း အဆင့်ဆင့်မှ ဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 53 guests and no members online

Latest Updates