ရှမ်းပြည်နယ်သတင်းများ

မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး မတ် - ၄

939

   ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မေတ္တာခမ်းတန် ဟိတ္ထိပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုးကယ်မည့် ဉာဏ်တော်(၁၀၈)တောင်ရှိသည့် မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း မဟာမင်္ဂလာအခမ်းနားကို မတ်လ (၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါစေတီတော် ပရိဝုဏ်အတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ သာသနာတော်ဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် အညီ ကျင်းပကြောင်းသိရသည်။

940

   မဟာမင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မင်းကွန်းပရိယတ္တိ စာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကာကွယ်ရေးဦးစီချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။

 941

   ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ထံ မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွဋ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းတော်များကို ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ဧည့်ပရိတ်သတ်များက စိန်ဖူးတော်ငှက်မြတ် နားတော်နှင့် ခေါင်းလောင်းတော်များကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တပ်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်များကတံခွန်၊ ကုက္ကား၊ မုလေးပွားတို့ဖြင့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကနေကဇာ တင်တော်မူကြပြီး တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ မွန်းလွဲပိုင်းတွင် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါစေတီတော်မြတ်ကြီးကို အရှင်ပေါရိဿ ဟိုပုံးကိုရင်လေးမှ ဦးဆောင်ပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများဖြင့် တည်ထားတော်မူခဲ့ပြီး စေတီတော်မြတ်ကြီး ဌာပနာတော် သွင်းတော်မူခြင်းနှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားတို့ကို မတ်လ(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 65 guests and no members online

Latest Updates