ရှမ်းပြည်နယ်သတင်းများ

အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများ ထိန်းသိမ်းရေး ဆွေးနွေး

တောင်ကြီး   မတ်   ၁၀

942

   ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ (၂၀၁၅)ခုနှစ်အတွင်း ကျင်းပပြုလုပ် မည့် အားကစားပြိုင်ပွဲများ အားကစားကွင်းများနှင့် အားကစားရုံများဆွေးနွေးပွဲ အခမ်းအနားကို မတ်(၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အားကစားကွင်း အထူးတန်းပွဲကြည့်စင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   ထို့နောက်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်နှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတာဝန်ခံများ တက်ရောက်ကြသည်။

   ဆက်လက်၍ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်က ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်းများနှင့် အားကစားရုံများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းလူသစ်ရွေးချယ်ရေးဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

   ၎င်းနောက် တက်ရောက်လာကြသည့် အားကစားတာဝန်ခံများမှ (၂၀၁၅)ခုနှစ် အားကစား ပြိုင်ပွဲကျင်းပမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ခရိုင်/ မြို့နယ်အလိုက် တာဝန်ရှိသူများက အသီးသီး တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 54 guests and no members online

Latest Updates