လောက်ကိုင်ဒေသ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်များအား ကြည့်ရှု့စစ်ဆေး လှူဒါန်းခြင်း

တောင်ကြီး   မတ်   ၉

943

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးအယ်လ်တိန့်ဘောင်တို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ လှူဒါန်းထားသော ဆန်အိတ် (၃၀၀၀)အား ကွမ်းလုံမြို့နယ်စိုက်ပျိုးရေးဂိုဒေါင်တွင် ထားရှိမှုအခြေအနေကို (၉.၃.၂၀၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ ဂိုဒေါင်၌ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ထို့နောက်လူမှုရေးဝန်ကြီးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ် များအား နယ်စပ်ဒေသ ဒုက္ခသည်စခန်းများသို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

944

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းအတွက်  အလှူငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဦးဇော်မင်းထိုက် မိသားစုဝင်များအား ဆန်(၃)အိတ်၊ ဆီ(၁)ပုံးစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။