ရှမ်းပြည်နယ်သတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲ

တောင်ကြီး    မတ်   ၂၃

960

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအစီအစဉ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၃ ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၊ သစ်တောရပ်ကွက်တွင်ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့်အကြောင်းနှင့် နိုင်ငံတော်၏ဆင်းရဲမှု လျော့ချရေးအစီအစဉ်တွင် RDSF က ဘယ်လိုအထောက်အကူပြုကြောင်းနှင့် လူထုဗဟိုပြုဖွံ့ဖြိုးရေးနည်းလမ်းနှင့် ရေရှည်စဉ်ဆက်မပြတ် အသက်မွေးမှုဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြား ထားသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 45 guests and no members online

Latest Updates