ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တောင်ကြီး မတ် ၂၄

962

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ်လ (၂၄)ရက် နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် ( ၁၀၉ )ဦး တက်ရောက်၍ ( ၇၈.၄၂ )% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာ ပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပထမနေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းမှု ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ရေးအဆိုကို ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေး၍ လွှတ်တော်မှ အတည်ပြု ကြောင်း ကြေညာပါသည်။   

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)အားလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအားလည်းကောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေး/ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ်ဘတ်ဂျက် စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအားလည်းကောင်း လွှတ်တော်သို့အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အား  နေ့လည် ( ၁၄ း ၅၀ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။       

 

                                                                                                                                                                        ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates