ရှမ်းပြည်နယ်သတင်းများ

ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး    မတ်    ၂၄

963

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "တီဘီ ရောဂါကင်းဝေးဖို့ စုပေါင်းရှာဖွေကုသစို့" အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်(၈းဝ၀)နာရီအချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည်။

   ၂၀၁၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့တီဘိရောဂါတိုက်ဖျက်ရေးရေးနေ့အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမိန့်ခွန်းအား ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမိုးဆွေက ဖတ်ကြားပေးခဲ့သည်။ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာ ဦးဇော်မြင့်က တီဘီရောဂါအကြောင်းသိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ရှမ်းပြည်နယ်အစိုုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများက ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပသော ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာဦးဇော်မြင့်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်နယ်အမျိုးသမီး ရေးရာ၊ သားဖွားသူနာပြုဆရာမများနှင့် ဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များနှင့် အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့များ၊ စုစုပေါင်း(၂၀၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                         စိုင်းသန်းကျော် (တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 51 guests and no members online

Latest Updates