ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တောင်ကြီး မတ် ၂၅

 964

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မတ်လ (၂၅)ရက် နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် (၁၀၉)ဦး တက်ရောက်၍ (၇၈.၄၂)% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ စည်ပင်သာယာရေး ဆိုင်ရာ စည်းကမ်းများ (Bye-Laws) (မူကြမ်း) (၂၄)မျိုးအားလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ကဏ္ဍ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၏ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် အတွင်း လူမှုရေးကဏ္ဍ ဆောင်ရွက်ချက်များအားလည်းကောင်း၊ လွှတ်တော် သို့အသီးသီး ရှင်းလင်း တင်ပြ ကြပါသည်။    

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အား  နေ့လည် ( ၁၄ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။               

 

                                                                                                                                                                                  ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 63 guests and no members online

Latest Updates