ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တောင်ကြီး   မတ် ၂၆

 965

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မတ်လ (၂၆)ရက် နံနက် (၁ဝးဝ၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် ( ၁၀၉ )ဦး တက်ရောက်၍ ( ၇၈.၄၂ )% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြည်နယ်လွှတ်တော်သို့ ဒုတိယနေ့က တင်သွင်း ခဲ့သော  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း (မူကြမ်း)ကို  ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားကိုရယူပြီး လွှတ်တော်မှ အတည်ပြုကြောင်းကြေညာ ပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများ၏ မြို့ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးမှ တာဝန်ယူရသော ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား လည်းကောင်း၊ သစ်တောကဏ္ဍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလည်းကောင်း လွှတ်တော်သို့ အသီးသီးရှင်းလင်း တင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အား  နေ့လည်     ( ၁၄ : ၂၀ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။                   

  

                                                                                                                                                                                 ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates