ရှမ်းပြည်နယ်သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ရှမ်းပြည်နယ်လွှတ်တော်သို့ လာရောက်လေ့လာ

တောင်ကြီး မတ် - ၂၈

 966

   စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် (၃၇)ဦးသည် မတ်(၂၈)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် လွှတ်တော်သို့ လာရောက်လေ့လာရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်(၃၀)ဦး က လှိုက်လှဲပျူငှာစွာကြိုဆိုကြကြောင်းသိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက အပြန်အလှန်မိတ်ဆက်ကြပြီး၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက ရှမ်းပြည်နယ်လွှတ်တော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်သို့ လက်ဆောင်ပစ္စည်းပေးအပ်ကာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌအား ပြန်လည်လက်ဆောင်ပစ္စည်းပေးအပ်ပြီး လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များက လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအပေါ် အတွေ့အကြုံ၊ ဗဟုသုတများနှီးနှောဖလှယ်ဆွေးနွေး ကြကြောင်း သိရသည်။

967

   ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး သို့ လာရောက် လေ့လာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူ ဦးမြင့်အောင်က ရှမ်းပြည်နယ် ဒေသဆိုင်ရာအချက်အလက်များ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရ သည်။

   အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၃၇)ဦးသည် ရှမ်းပြည်နယ်လွှတ်တော် နှင့် ရှမ်းပြည်နယ်အစိုးရရုံးသို့ လာရောက်လေ့လာပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် ကလောမြို့နှီးဘုရားတို့ကို သွားရောက်ဖူးမြော်လေ့လာကြမည်ဖြစ်ကြောင်းသိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 46 guests and no members online

Latest Updates