ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

တောင်ကြီး    မတ်     ၃၀

 968

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မတ်လ (၃၀)ရက် နံနက် (၁ဝ)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိ သည့်အနက် ( ၉၉)ဦး တက်ရောက်၍ ( ၇၁.၂၂ %) ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃ဝ) ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေး စတုတ္ထနေ့တွင်တင်ပြပြီးဖြစ်၍ ယနေ့ခွင့်ပန် ကြားသူ(၁၀)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၄၀)ဦးအား ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးခွန်း(၉)ခုအား မေးမြန်းရာသက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဆိုင်ရာ နည်းဥပဒေပါ အချက်အလက်များအား ပြင်ဆင်ပေးရေး အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့အဆိုတင်သွင်းဆွေးနွေးခဲ့သည်။ ယင်းအဆိုအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်က ပြန်လည်ဆွေးနွေးပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှအတည်ပြုကြောင်း ကြေညာ ပါသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖွဲ့၏ (၄)နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအနေအား လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

   ၎င်းနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့အား  နေ့လည် (၁၂)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။                   

  

                                                                                                                                                                                             ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 44 guests and no members online

Latest Updates