ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

တောင်ကြီး   ဧပြီ ၁

969

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို   ဧပြီလ (၁)ရက် နံနက် (၁ဝ)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် (၉၀)ဦး တက်ရောက်၍ (၆၄.၇၅)% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဆဋ္ဌမနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ဝ ဦးတို့ အတွက် ခွင့်ပန်ကြားကြောင်း၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေး ပဉ်စမနေ့တွင်တင်ပြပြီးဖြစ်၍ ယနေ့ခွင့်ပန်ကြားသူ(၉)ဦး စုစုပေါင်းခွင့်ပန်ကြားသူ (၄၉)ဦးအား ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြု ကြောင်းကြေညာ ပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက မေးခွန်း ၄ ခုအား မေးမြန်းရာ ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းတို့က ပြန်လည်ဖြေကြားပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့် ၂၀၁၅ ခုနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်းအားအတည်ပြုကြောင်း ကြေညာပါသည်။   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက် များအပါအဝင်  လွှတ်တော်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြား ပါသည်။

   ၎င်းနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အား  နေ့လည် ( ၁၁)နာရီခွဲတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။                   

  

                                                                                                                                                                                       ပြည်နယ်ပြန်/ ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 41 guests and no members online

Latest Updates