ရှမ်းပြည်နယ်သတင်းများ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် မြို့ကြီးရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် - ၃၀

 970

   လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့သည် မတ်(၃၀)ရက်၊ နံနက်(၁၁)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ရှိ မြို့ကြီးရေအားလျှပ် စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ရာ မြို့ကြီးရေးလှောင်တမံ ဘက်စုံစီမံကိန်းရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် စီမံကိန်းတည်ဆောက်နေသည့် ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်၍ စီမံကိန်း တည်ဆောက်နေသည့် လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

971

   ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၃၁)ရက်၊ နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ အနီးရှိ အမှတ်(၂)ဆင်းရွှေလီသကြားစက်ရုံ ဖွင့်ပွဲသို့ တက်ရောက်ရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် ငွေရည်ပုလဲကုမ္ပဏီ အုပ်စု မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမြင့်တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ အခမ်းအနား ဆိုင်ဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ စက်လည်ပတ်ခြင်း အထိမ်းအမှတ်ဖြစ် ဧည့်သည်တော်များမှ မင်္ဂလာရွှေကြံ၊ ငွေကြံနှင့် ပတ္တမြားကြံတို့အား ကြံသယ်မြောင်းအတွင်းချခြင်းနှင့် စက်ရုံးအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

   ထို့နောက် အခမ်အနားအစီအစဉ်အရာ စက်ရုံးဝန်ထမ်းမိသားစုမှ ဂုဏ်ပြုသီချင်းသီဆို၍ ဆင်းရွှေလီ သကြားစက် အမှတ်(၂)(အင်းဝိုင်း)ဖွင့်ပွဲကို ဖွင့်လှစ်ပေးပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆင်းရွှေလီသကြားစက်အမှတ်(၂) (အင်းဝိုင်း)နှင့်ပတ်သက်၍ လမ်းညွှန် အမှာစကားပြောကြား၍ ငွေရည်ပုလဲကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ကိုယ်စား၊ ဒါရိုက်တာ ဦးတင်မောင်ဦးမှ ဆင်ရွှေလီသကြားစက်အမှတ်(၂)(အင်းဝိုင်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်းသိရသည်။

 972

   ၎င်းနောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ စက်ရုံတည်ဆောက်ရေး ဆောင်ရွက်ခဲ့ကြသော တရုတ်ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်၍ ခန်းမအတွင်းခင်းကျင်းပသ ထားသော ကြံစိုက်ပျိုးနည်းပညာများနှင့် စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

   ငွေရည်ပုလဲကုမ္ပဏီအုပ်စုသည် တိုင်းရင်းသာပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး၊ (၁)ရက်လျှင် ကြံတန်ချိန် (၁၀၀၀)ကြိတ်ဝါးထုတ်လုပ်နိုင်သည့် အမှတ်(၁)ဆင်ရွှေလီသကြားစက်အား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ၌ (၂၀၀၈)ခုနှစ်တွင် စတင်တည်ဆောက်လည်ပတ်ခဲ့ပြီး၊ ယခုအမှတ်(၂) ဆင်းရွှေလီသကြားစက်စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ အနီးတွင် တည်ရှိပြီး စက်ရုံဧရိယာအကျယ်အဝန်း(၁၆၅)ဧကကျယ်ဝန်း၍ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီး၏ မိုင်တိုင်အမှတ်(၆၂)မိုင်(၄)ဖာလုံအနီး လက်ယာဘက်(၅)မိုင်ခန့်အကွာတွင်တည်ရှိကာ အမှတ်(၂)ဆင်းရွေလီ သကြားစက်(အင်းဝိုင်း)၏ ထုတ်လုပ်မှုစွမ်းအားမှာ တစ်ရက်လျှင်ကြံတန်ချိန် (၄)ထောင် ကြိတ်ဝါးထုတ်လုပ်မည်ဖြစ်ပြီး ထုတ်လုပ်မှုနည်းစနစ်မှာ ကန့်ခိုးနှစ်ကြိမ်ရိုက်စနစ်(Double Sulphitation Process)ဖြင့် သကြားဖြူ(Plantation White Sugar)ထွက်ရှိမည်ဖြစ်၍ ထုတ်ကုန်သကြား အရည်အသွေးအနေဖြင့် အပြည်ပြည်ဆိုင်ရာသတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အညီ (က)Sugar Content >99.6%, (ခ)Non-Sugar Content<0.1%, (ဂ)Ash<0.1%, (ဃ)Colour<100 ICU, (င)Sulphur dioxide<500 ppm, ပြည်ပပို့ကုန်အဆင့်အတန်းရှိသကြားများကို ထုတ်လုပ်သွားမည် ဖြစ်ပြီး၊ ငွေရည်ပုလဲ ကုမ္ပဏီအုပ်စု ငွေရည်ပုလဲသကြားကုမ္ပဏီလီမိတက်၏ အမှတ်(၂)ဆင်းရွှေလီ သကြားစက်စီမံကိန်း(အင်းဝိုင်း)အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှုကဏ္ဍ တွင် တစ်တပ်တစ်အား ပါဝင်အားဖြည့်အထောက်အကူပြု၍ တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလှမ်းနှင့် နည်းပညာ၊ အတတ်ပညာများ တိုးတက်ရေး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးမြှင့်မားလာစေရေးတို့အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

                                                                               မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 52 guests and no members online

Latest Updates