ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၂၀၁၅ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး  ဧပြီ ၁

975

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန်းနီမြို့နယ်နှင့် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တို့တွင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုစခန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၁)ရက် နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

   အခမ်းအနားတွင် ပြည်နယ်စာတတ်မြောက်ရေး သင်တန်းကြီးကြပ်မှုကော်မတီနာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စားရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက အဖွင့်မှာစကားပြောကြားရာတွင် တိုးတက်ဖွံ့ဖြိုးလာသည့်လူ့ဘောင်အဖွဲ့အစည်းများပေါ်ပေါက်လာခြင်းကြောင့် စာရေး၊စာဖတ်နိုင်စွမ်း ပိုမိုလိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာမတတ်မြောက်သူအရေအတွက်သည် ကျေးလက်ဒေသများတွင် ကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုနှုန်းကို(၉၅.၅)%နှုန်းရရှိရန်မျှော်မှန်းထားကြောင်း နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်များ တွင် မြို့နယ်များတိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိနေပါကြောင်း၊လူတိုင်းအခြေခံစာတတ်မြောက်ရေးအတွက် တစ်မျိုးသားလုံးက အမျိုးသားရေးအမြင်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးအသိပညာ အတွေးအခေါ်များ တိုးတက်မြင့်မား လာစေရန် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့်ကြိုးစားပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

976

   ဆက်လက်၍ ရှမ်းပြည်နယ် ပညာရေးမှူးရုံး(ရုံးခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်ကလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ၂၀၁၄-၂၀၁၅ခုနှစ်အထိ မြို့နယ်(၂၃)မြို့နယ်ရှိပြီး မြို့နယ်အလိုက် စာတတ်မြောက်မှုအနေဖြင့် လားရှိုးမြို့နယ်မှာ(၉၀.၈၁)%၊ သိန်းနီမြို့နယ်မှာ(၇၄.၉၀)%၊ တန့်ယန်းမြို့နယ်မှာ (၇၁.၆၆)%၊ ပန်ဆန်းမြို့နယ်မှာ (၆၁.၂၅)%၊ နားဖန်းမြို့နယ်မှာ(၆၃.၂၇)%၊ မိုင်းရယ်မြို့နယ်မှာ(၇၆.၀၅)%၊ ကွမ်းလုံမြို့နယ်မှာ(၇၉.၀၃)%၊ လားရှိုးခရိုင်အနေနဲ့(၇၉.၆၁)%၊ မူဆယ်မြို့နယ်မှာ(၇၀.၂၉)%၊ နမ့်ခမ်းမြို့နယ်မှာ (၈၀.၀၈)%၊ ကွတ်ခိုင်မြို့နယ်မှာ(၇၈.၆၄)%၊ မူဆယ်ခရိုင်အနေနှင့် (၇၅.၇၅)%၊ ကျောက်မဲမြို့နယ်မှာ(၈၀.၉၉)%၊ သီပေါမြို့နယ်မှာ(၇၇.၆၄)%၊ နောင်ချိုမြို့နယ်မှာ(၈၆.၉၄)%၊ နမ္မတူမြို့နယ်မှာ (၈၈.၇၈)%၊ နမ့်ဆန်မြို့နယ်မှာ(၇၀)%၊ မိုးမိတ်မြို့နယ်မှာ(၈၁.၈၉)%၊ မဘိမ်းမြို့နယ်မှာ(၈၂.၄၇)%၊ မန်တုံမြို့နယ်မှာ (၇၆.၂၀)%၊ကျောက်မဲခရိုင်အနေဖြင့် (၈၀.၅၈)%၊ ဟိုပန်မြို့နယ်မှာ(၇၁.၃၀)%၊ပန်ဝိုင်မြို့နယ်မှာ(၄၃.၅၅)%၊ မိုင်းမောမြို့နယ်မှာ (၄၂.၅၅)%၊ ဟိုပန်ခရိုင်အနေနှင့်(၆၃.၀၃)%၊ လောက်ကိုင်မြို့နယ်မှာ(၄၅.၆၆)%၊ ကုန်းကြမ်း မြို့နယ်မှာ(၄၂.၈၄)%၊ လောက်ကိုင်ခရိုင်အနေနှင့် (၄၄.၂၀)%၊ တို့ဖြစ်ကြောင်းတင်ပြသွားခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ်၊ နွေရာသီစာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားမှုများကို လူထုလှုပ်ရှားမှုအသွင်ဖြင့်ကျင်းပနိုင်ရေးအတွက် (အ)သုံးလုံး စာသင်ဝိုင်းများကို       (၁-၄-၂၀၁၅)မှ(၁၅-၅-၂၀၁၅)အထိ နမ္မတူမြို့နယ်တွင် စာသင်ဝိုင်း(၂၂)ဝိုင်း၊ စာသင်သား ဦးရေ(၂၇၀)ဦးကို သင်ကြားသူ ဒေသခံဆရာ/မ(၂၂)ဦးဖြင့်လည်းကောင်း၊ သိန်းနီမြို့နယ်မှာ စာသင်ဝိုင်း(၁၆)ဝိုင်း၊ စာသင်သားဦးရေ(၁၆၈)ဦးကို သင်ကြားသူဒသခံဆရာ/ ဆရာမ(၁၆)ဦးတို့မှ စတင်သင်ကြား ပိုချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထို့နောက် စာသင်ဝိုင်းများတွင်သင်ပြမည့် ဆရာ/ ဆရာမများကိုယ်စား သိန်းနီမြို့နယ်ဒေသခံ ဆရာမတစ်ဦးက တာဝန်လက်ခံ စကားပြောကြားခဲ့သည်။ 

ဆက်လက်၍ သိန်းနီမြို့နယ်နှင့်နမ္မတူမြို့နယ်အတွက်အလှူငွေကျပ်(၁၅)သိန်းစီအား ပြည်နယ်စက်မှုနှင့်လျှပ်စစ် ဝန်ကြီး ဦးစိုင်းထွန်းရင်က ပေးအပ်ကာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပါသည်။

   အဆိုပါအခမ်းအနားသို့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးစိန်အုပ်နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ဟန်ဌေး(iprd)

ခရိုင်ပြန်/ဆက်

လားရှိုး

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 61 guests and no members online

Latest Updates