ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ တက်ရောက်ခြင်းနှင့် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး ဧပြီ - ၁

979

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးတို့နှင့်အတူ ဧပြီလ(၁)ရက်နေ့ မောက်မယ်မြို့နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စာတတ်မြောက်ရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)မှ စာတတ်မြောက်ရေးလှုပ်ရှားမှုလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတင်ပြခြင်း မြို့နယ်ပညာရေးမှူးမှ မြို့နယ်ပညားရေးကဏ္ဍဆိုင်ရာအချက်အလက်များအာ ရှင်းလင်းတင်ပြခဲ့ပါ သည်။

   အခမ်းအနားတွင် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေ သိန်း(၃၀)အား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

  ဆက်လက်၍  ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မောက်မယ်ဆေးရုံတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမားရေးကွင်းဆင်း စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောက်ရွက်နေသည့် ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ဝိုင်းမျာသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မောက်မယ်မြို့နယ်ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် မိုးနဲမြို့ သဘာဝဘေးဒဏ်သင့် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) နားခံကျောင်းအား သွာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး သဘာဝဘေးဒဏ်သင့် ကျောင်းအမြန်ဆုံးပြင်ဆင်ပေးနိုင်ရေး နှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ပါသည်။