ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

ကျောက်မဲ ဧပြီ

983

   နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းရေးဆွဲပြီးစီးကြောင်း အတည်ပြုလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းအား ကြိုဆို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် ဧပြီလ (၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ကျောက်မဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီ ဥက္ကဌ ဦးတင်ဝင်းက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး သည် ပြည်သူတို့၏ လိုလားချက် ဆန္ဒနှင့်မျှော်လင့်ချက်” “ငြိမ်းချမ်းဝေစည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ”  “ပြည်ထောင်စုငြိမ်းချမ်းရေး ဒုတိယပင်လုံ၏အောင်ပွဲ” စသည့်လက်ကိုင်ဆောင်ပုဒ်များကိုင်ဆောင်ကာ “ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒို့အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒို့အရေး၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် နိုင်ရေး ဒို့အရေး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း ဆက်လက်အတည်ပြု အကောင်အထည်ဖော်ရေး ဒို့အရေး” ဟူသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲသို့ ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၁၀)ရွာမှ ရှမ်း၊ ဗမာ၊ ဓနု၊ ပလောင်၊ ကိုးကန့် တိုင်းရင်းသားများ အင်အား (၁၅၀၀၀) ကျော်ခန့်တက်ရောက်ခဲ့ကြောင်းနှင့် နံနက်(၉)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ ခရိုင်အားကစားကွင်းမှ အမှတ်(၈)ရပ်ကွက်၊ မြို့နယ်အားကစားကွင်းသို့ ပင်လုံ လမ်းမကြီးနှင့် အောင်ဆန်းလမ်း များအတိုင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နံနက်(၁၀)နာရီ အချိန် တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။