ရှမ်းပြည်နယ်၏ ဒေသန္တရ အချက်အလက်များ

ဦးစားပေးစက်မှုလက်မှုကဏ္ဍ ၉ ခုအောက်ရှိ လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP)ရေးဆွဲရန် အချိန်ကာလ တိုးမြှင့်သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၁၆/ ၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ  ၁၇  ရက်

ဦးစားပေးစက်မှုလက်မှုကဏ္ဍ ၉ ခုအောက်ရှိ လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP)ရေးဆွဲရန် အချိန်ကာလ တိုးမြှင့်သတ်မှတ်ခြင်း

a1a2a3a4

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ (၂/၂၀၁၈-၂၀၁၉)ကြိမ်(သတ-ဖ)ကျွန်း/သစ်မာ (သစ်လုံး/သစ်ခွဲသား)များ (MSME) (ဒေသ)အိတ်ဖွင့်လေလံအောင်မြင်မှုစာရင်း


+Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ (၂/၂၀၁၈-၂၀၁၉)ကြိမ်(သတ-ဖ)ကျွန်း/သစ်မာ (သစ်လုံး/သစ်ခွဲသား)များ (MSME) (ဒေသ)အိတ်ဖွင့်လေလံအောင်မြင်မှုစာရင်း

1

2

3

4

 


တောင်ကြီး ဇန်နဝါရီ - ၎

2




Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သော  မြို့နယ်အလိုက်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ကျင်းပကြောင်းသိရသည်။

နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဟိုပုံးမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တို့ ယှဉ်ပြိုင်ကစားကြရာ ဖယ်ခုံမြို့နယ်အသင်းက ၃-၁ ဖြင့် အနိုင်ရ ဗိုလ်စွဲသွားပြီး ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာ များကကြည့်ရှုအားပေးကာ ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းနှင့် ရပ်စောက်မြို့နယ် အသင်းတို့အား ငွေသား ကျပ် (၂)သိန်းစီကို ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့ဆိုင်းတို့က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ဟိုပုံးမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့်  ငွေသားကျပ်(၅)သိန်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးတို့က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ နေရာအလိုက်နှင့် အကောင်းဆုံးဘောလုံးအားကစားသမားဆုရရှိသူ များအားဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ဖယ်ခုံမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်  ငွေသားကျပ်(၇)သိန်းနှင့် ပထမဆုဖလားတို့ကို ပြည်နယဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ဆုအသီးသီးချီးမြှင့်ပေးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09-250132943

 

 

 


တောင်ကြီး သြဂုတ် - ၆

139







++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အကြီးတန်း၊ အငယ်တန်း မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် - ၆

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Pocari Sweat တို့ ပူးပေါင်းကျင်းပသော ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု  Pocari Sweat Mini Marathon Taunggyi  အကြီးတန်း၊ အငယ်တန်း မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို သြဂုတ် ၅ ရက် နံနက် ၆ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင်းရေး အားကစားရုံ၌ကျင်းပကြောင်းသိရသည်။

မီနီမာရသွန်ပြိုင်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အကြီးတန်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင်များအား ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သေနတ်ပစ်ဖောက်တာလွှတ်ပေးကာ၊ အငယ်တန်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင်များကို ရှမ်းပြည်နယ်ပညာ ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင်နှင့် Pocari Sweat ရေနှင့်ဓါတ်ဆားဖြည့်အချိုရည်ကုမ္ပဏီမှ General Manager Mr. Djaka တို့က သေနတ်ပစ်ဖောက်တာလွှတ်ပေးကြသည်။

အဆိုပါ မီနီမာရသွန်ပြိုင်ပွဲ အကြီးတန်းပြိုင်ပွဲတွင် ၄၉၅ ဦးပါဝင်ယှဉ်ပြိုင်ပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း အေးသာယာမြို့၊ ထုံးဖိုယာဉ်ထိန်းဂိတ်မှ တစ်ပါတ်ပါတ်၍လည်းကောင်း၊ အငယ်တန်းပြိုင်ပွဲတွင် ၁၃၀၇ ဦးပါဝင် ယှဉ်ပြိုင်ပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း စဝ်စံထွန်းရပ်ကွက်၊ ကရင်မရေထွက်မှ တစ်ပါတ်ပါတ်၍ ပြည်နယ် လေ့ကျင့်ရေး အားကစားရုံသို့ အသီးသီးပန်းဝင်ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အငယ်တန်း အမျိုးသား/အမျိုးသမီး ပထမဆုမှ ဒဿမဆုအထိ၊ နှစ်သိမ့်ဆု ၁၁ ဆုမှ ၃၀ ဆုစီထိ၊  အကြီးတန်း အမျိုးသား/အမျိုးသမီး ပထမဆုမှ ဒဿမဆုအထိ၊ နှစ်သိမ့်ဆု ၁၁ ဆုမှ ၃၀ ဆုစီထိ ဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့က အသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ယခုလိုပြိုင်ပွဲကျင်းပရခြင်းသည် ကျောင်းသား/ ကျောင်းသူများ၊ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ရည်ထက်မြက် ကာ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အာကစားဘက်ကို စိတ်ပါဝင်စားလာသဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းလာမှာဖြစ်ကြောင်းနှင့်  ပိုပြီးတော့လည်း ကြံ့ခိုင်မှုအားကောင်းလာမယ်၊ ပြိုင်ပွဲကို တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေအားကစား ဝါသနာရှင်များ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၈၀၂)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးမှ ပြောကြားသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 687 guests and no members online

Latest Updates