ဥပဒေချုပ်

စည်ပင်သာယာရေးဝန်ကြီး

စည်ပင်သာယာရေးဝန်ကြီးဌာန 

 

 

1

အမည်   

 

ဦးစိုင်းလှဝင်း

အဘအမည်   ဦးဆွယ်စင်
လူမျိုး/ဘာသာ     ရှမ်း/ဗုဒ္ဓ
မွေးသက္ကရာဇ်   ၁၆.၅.၁၉၄၆
မွေးဖွားရာဇာတိ     နမ့်ခမ်းမြို့နယ်
ပညာအရည်အချင်း   သိပ္ပံဘွဲ့(သင်္ချာ)
မဲဆန္ဒနယ်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်(၂)မိုင်းပြင်းမြို့
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ   ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင်   ပြည်နယ်ဝန်ကြီး
ထမ်းဆောင်သည့်တာဝန်   ( ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန)
စတင်တာဝန်ထမ်းဆောင်သည့်နေ့   ၁၆.၉.၂၀၁၃

 

ကိုယ်ရေးဖြစ်စဉ် (အကျဉ်းချုပ်)

-  ၁၉၅၃ခုနှစ် မှ ​၁၉၅၅ခုနှစ်ထိ နမ့်ခမ်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ ၁၉၅၆ခုနှစ် မှ ၁၉၅၈ခုနှစ်ထိ မိုင်းပြင်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ ၁၉၅၉ခုနှစ် မှ ၁၉၆၅ခုနှစ်ထိ ကျိုင်းတုံမြို့၊ အစိုးရအထက်တန်းကျောင်း အသီးသီး ပညာသင်ကြားခဲ့ပြီး၊ ၁၉၆၆ခုနှစ် မှ ၁၉၆၈ခုနှစ်ထိ တောင်ကြီးကောလိပ်၊ ​၁၉၆၈ခုနှစ် မှ ၁၉၇၀ခုနှစ်ထိ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သိပ္ပံဘွဲ့(သင်္ချာ)ဘာသာဖြင့် ဘွဲ့ရယူခဲ့ပါသည်။

- ၁၉၇၈ ခုနှစ် မှ ၂၀၀၆ ခုနှစ်ထိ မိုင်းပြင်းမြို့နယ်၊ စာရင်းစစ်ရုံး၊ စာရင်းစစ်မှူးအားလည်းကောင်း၊ ၁၉၉၀ ခုနှစ် မှ ၁၉၉၂ ခုနှစ်ထိ မိုင်းခတ်မြို့နယ်၊ စာရင်းရုံး၊ စာရင်းစစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားပင်စင်ယူခဲ့ပြီး၊ မိုင်းပြင်းမြို့နယ် လူမူရေးအသင်းအဖွဲ့များ ပါဝင်ဆောင်ရွက် ခဲ့ပါသည်။

- ၂၀၁၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံခဲ့ရာ မိုင်းပြင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။  ( ၃- ၃ -၂၀၁၁)ရက်နေ့မှ ( ၈-၉-၂၀၁၃)ရက်နေ့ထိ ရှမ်းပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးရေးရာ ကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

 ၁။ စည်ပင်သာယာရေးဝန်ကြီးဌာန 

 ၂။ ရှမ်းပြည်နယ်မြို့ပြစနစ် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ

 ၃။ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ

 ၄။ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ

၅။ ပြည်နယ်ကုန်တင်ကုန်ချ လုပ်ငန်းကော်မတီ

၆။ ရှမ်းပြည်နယ်၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီ ဥက္ကဌ

အတွင်းရေးမှူး

ကိုယ်ရေးရာဇဝင်အကျဉ်း

 

ministry-12 အမည် ဦးစိုးစိုးဇော်
အခြားအမည် ဦးဇော်ထွဋ်
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ ဗမာ/ဗုဒ္ဓ
နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်အမှတ် မတန(နိုင်)၀၀၁၀၁၀
အသက်(မွေးသက္ကရာဇ်)  ၂၅.၆.၁၉၆၃
မွေးဖွားရာဇာတိ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့(သမိုင်း)
လက်ရှိအလုပ်အကိုင်နှင့်အဆင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အုပ်ချုပ်ရေးမှူး၊ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အဘမည်၊အလုပ်အကိုင်  ဦးကျော်မြင့်(ကွယ်လွန်)
 အမိအမည်၊အလုပ်အကိုင်  ဒေါ်စောရင်
 ဇနီးအမည်/ခင်ပွန်းအမည်၊အလုပ်အကိုင် ဒေါ်နန်းချိုချိုပြုံး၊ အလပြ(ငြိမ်း)
သားသမီးအမည်/အလုပ်အကိုင် မောင်သက်ပိုင်စိုး
မောင်စိုင်းအောင်သူ
မစိုးဇာခြည်အောင်
အမြဲတမ်းနေရပ် လိပ်စာ အမှတ်(၂၁)၊ ဝေဘာဂီလမ်း၊(ည)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဥပဒေချုပ်

ကိုယ်ရေးရာဇဝင်အကျဉ်း

 

  အမည် ဦးတင်ဦး
အခြားအမည် -
လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ ဗမာ/ဗုဒ္ဓ
နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်အမှတ် ၇/တငန(နိုင်)၀၀၄၃၀၈
အသက်(မွေးသက္ကရာဇ်) ၁၅-၈-၁၉၄၈
မွေးဖွားရာဇာတိ တောင်ငူမြို့
ပညာအရည်အချင်း B.A(Law), LL.B, Advocate
လက်ရှိအလုပ်အကိုင်နှင့်အဆင့်  ရှမ်းပြည်နယ်ဥပဒေချုပ်
အဘမည်၊အလုပ်အကိုင်   ဦးထွန်း(ကွယ်လွန်)
 အမိအမည်၊အလုပ်အကိုင်   ဒေါ်သိန်းရင်(ကွယ်လွန်)
 ဇနီးအမည်/ခင်ပွန်းအမည်၊အလုပ်အကိုင် မရှိပါ။
သားသမီးအမည်/အလုပ်အကိုင် မရှိပါ။
အမြဲတမ်းနေရပ် လိပ်စာ အမှတ်-၂၃၊ သပြေလမ်း၊သစ်တောရပ်ကွက်၊ တောင်ကြီးမြို့
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ -
 ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် -

 

 


 

ဖြစ်စဉ်အကျဉ်း(ယနေ့ထိ)

 

(က)  သင်ကြားဖူးခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်။

 မူလတန်းမှ အလယ်တန်း St. Joseph’s Convent –Taunggi ၊ ပြည်သူပိုင်သိမ်း အထက-၃ အထက်တန်း၊ ၁၉၆၈မှ ၁၉၇၃ခုနှစ်၊ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန။

 

(ခ ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင်၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန်။

စာစစ်အဖွဲ့၊ ရှေ့နေချုပ်ရုံးမှ (၁၉၇၈၊ ၂၀၀၈)ရှမ်းပြည်နယ်ဥပဒေရုံး(ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်)အတွင်း ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တောင်ကြီးတက္ကသိုလ်၊ဥပဒေပညာဌာနအချိန်ပိုင်းကထိက(၂၀၁၅)အထိ။

 

(ဂ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန်။

တာဝန်ထမ်းစဉ်ကာလ ဗဟိုနိုင်ငံရေးတက္ကသိုလ်(မင်္ဂလာဒုံ)၊ ကေဒါသင်တန်းနှင့်ပါတီတာဝန်များ၊  အလုပ်သမားအစည်းအရုံးအတွင်းရေးမှူး၊ရောက်ရှိရာမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ၂၀၁၀နှင့် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတောင်ကြီးခရိုင်ဥက္ကဌနှင့် ရှမ်းပြည်ပို့ချရေးတာဝန်များ။

 

(ဃ) ပြစ်မှု/ပြစ်ဒဏ်ကျခံဖူးခြင်းရှိ/မရှိ(ရှိပါကဖြစ်စဉ်အသေးစိတ်ဖော်ပြရန်)

 မရှိပါ။

 

(င ) ချီးမြှင့်ခံရသောဘွဲ့ထူးဂုဏ်ထူး

ပြည်သူ့ဝန်ထမ်းတံဆိပ်၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတံဆိပ်၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်။

လူမှုရေးဝန်ကြီး

ပြည်နယ်ဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးဌာန

 

9

အမည်   

 

ဒေါက်တာ မျိုးထွန်း

အဘအမည်   ဦးဖူကြာမုန်း
လူမျိုး/ဘာသာ     ကိုးကန့်/ဗုဒ္ဓ
မွေးသက္ကရာဇ်   ၇.၇.၁၉၆၈
မွေးဖွားရာဇာတိ     ကွမ်းလုံမြို့
ပညာအရည်အချင်း   MBBS
မဲဆန္ဒနယ်   ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)၊ ကွမ်းလုံမြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင်   ပြည်နယ်ဝန်ကြီး 
ထမ်းဆောင်သည့်တာဝန်   ( ပြည်နယ်လူမှုရေးဝန်ကြီးဌာန)
စတင်တာဝန်ထမ်းဆောင်သည့်နေ့   ၃၀ . ၃ . ၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

- ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ အထက(လဲချား)၌ သူငယ်တန်းမှ ဒုတိယတန်းအထိ၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အထက(ကွမ်းလုံ)၌ တတိယတန်းမှ သတ္တမတန်းအထိ ပညာသင်ကြားခဲ့ကာ ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ အထက(၁)လှိုင်မြို့နယ်၌ ပညာသင်ကြားပြီး ဒသမတန်းအောင်မြင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ မန္တလေး(ဆေးတက္ကသိုလ်)၌ ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ပါသည်။

- ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ ကလေးဆေးရုံ(မန္တလေး)၌ လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကွမ်းလုံပြည်သူ့ဆေးရုံ၌ လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံး  

၂။ တက္ကသိုလ်/ကောလိပ်/သိပ္ပံများ

၃။ အစိုးရနည်းပညာအထက်တန်းကျောင်း    

၄။ ပြည်နယ်ကျန်းမာရေးဦးစီးဌာန

၅။ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန      

၆။ စဝ်စံထွန်းဆေးရုံကြီး     

၇။ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး          

၈။ အဆုပ်ရောဂါကုဆေးရုံကြီး  

၉။ အထွေထွေရောဂါကုဆေးရုံကြီး(လွိုင်လင်) 

၁၀။ အထွေထွေရောဂါကုဆေးရုံကြီး(လားရှိုး)

၁၁။ အထွေထွေရောဂါကုဆေးရုံကြီး(ကျိုင်းတုံ)

၁၂။ အားကစားနှင့်ကာယပညာဦးစီးဌာန

၁၃။ သာသနာရေးဦးစီးဌာန                    

၁၄။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန 

၁၅။ ရှေးဟောင်းသုတေတန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန

၁၆။ လူမှုဝန်ထမ်းဦးစီးဌာန

၁၇။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန    

၁၈။ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

၁၉။ လူမှုဖူလုံရေးအဖွဲ့                      

၂၀။ ဗဟိုပြည်တွင်းကုန်တင်ကုန်ချ

၂၁။ သူနာပြုသင်တန်းကျောင်းများ          

၂၂။ အတတ်ပညာလေ့ကျင့်ရေးသင်တန်းကျောင်း

၂၃။ စက်မှုအထက်တန်းကျောင်း

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 145 guests and no members online