သတင်းများ

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး  မတ်  (၇)

 

02

 

01

 

03

 

     ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊  လင်းခေးခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်/ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးများ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ လွိုင်လင် ခရိုင်အုပ်ချုပ်ရေးမှူး၊  လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်အတွင်းရှိ  မြို့နယ်/ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က ဥပဒေရေးရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့်က စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
    ထို့နောက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က ဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာအခြေအနေများ ရှင်းလင်း တင်ပြခဲ့ပြီး၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးများက မိမိဒေသ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေး(ပထမပိုင်း)ကို ခေတ္တရပ်နားခဲ့သည်။
    အစည်းအဝေး(ဒုတိယပိုင်း)ကို နေ့လည်(၁)နာရီခွဲတွင် ဆက်လက်ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ မြို့နယ်/ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများက မိမိဒေသ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး  ပြည်နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

အင်းလေးဒေသဟိုတယ်ဇုန် မြေနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

တောင်ကြီး၊ မတ် ၀၆


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အင်းလေးဒေသတွင် ဟိုတယ်ဇုန်မြေနေရာများအား ဖော်ထုတ်လျက်ရှိရာ ဟိုတယ်ဇုန်၌ လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာများအား တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင် လျှောက်လွှာတစ်စုံလျှင် ၅၀၀ဝိ/- (ကျပ်ငါးထောင်တိတိ) နှုန်းဖြင့် ဝယ်ယူပြီး ၁၇-၃-၂၀၁၃ ရက်၊ ညနေ (၄)နာရီ နောက်ဆုံးထားလျှောက်ထားနိုင်ပါကြောင်း၊ အသေးစိတ်သိလိုပါက တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဖုန်း ၀၈၁-၂၁၂၁၀၀၃၊ ၀၈၁-၂၁၂၁၆၉၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ကြောင်း သိရှိရပါသည်။

ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ

 

အောင်ပန်း၌လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF  တို့ပူးပေါင်း ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ  အသိပညာပေး  ဆွေးနွေးပွဲ  ကျင်းပ 

တောင်ကြီး  ဖေဖော်ဝါရီ   ၂၆

 

    လူမှုဝန်ထမ်းဦးစီးဌာနနှင့်  UNICEF  တို့ပူးပေါင်း    ကျင်းပပြုလုပ်သည့်  ရှေးဦးကလေးသူငယ်  ပြုစု ပျိုးထောင်ရေးနှင့်  ဖွံ့ ဖြိုးမှုဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၆)ရက် နံနက်(၈)နာရီကအောင် ပန်းမြို့    သမဝါယမအသင်းရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့    ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ ၊ UNICEF မှတာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့  များ ၊ ဒေသခံပြည်သူများ  တက်ရောက်ကြသည်။ ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က  အမှာစကားပြောကြားပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးအောင်ထွန်းခိုင်က  အမှာစကားပြောကြားခဲ့သည်။

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံပြည်သူများနှင့်တွေ့ဆုံ

11

 

 

13

3

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရွာငံမြို့နယ်ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

 

 

တောင်ကြီး မတ် ၅

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို မတ်(၅)ရက် နံနက်(၉)နာရီက ရွာငံမြို့ဗထူးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွာငံမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ရွာငံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုက ဖြည့်စွက်ရှင်းလင်း တင်ပြ၍ ဒေသခံရပ်မိရပ်ဖ ဦးလွန်းမောင် က ဒေသလိုအပ်ချက်များ တင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြတ်ကျော်ကျော် က မြို့နယ်နှင့် ရပ်ကွက် (သို့) ကျေးရွာဖွံ့ဖြိုးဖွံ့တိုးတက်ရေး အထောက်အကူပြု အဖွဲ့များဖွဲ့စည်း တာဝန်ပေးခြင်းနှင့် ခရိုင်မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ နှင့် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆုမြင့်နိုင်ရေးအတွက် နယ်မြေအလိုက် စွမ်းဆောင်ရှင်များ ရွေးချယ် တင်ပြရေးကိစများ ရှင်းလင်းဆွေးနွေးပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်တို့က လမ်းညွှန်အမှာစကား အသီးသီးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံရပ်မိရပ်ဖများ ရင်းရင်းနှီးနှီးနွေးထွေးစွာ တွေ့ဆုံခဲ့သည်။

တောင်ကြီးမြို့၊ ကုန်စည်ပြပွဲဖွင့်ပွဲကျင်းပ

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မတ် ၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ ကုန်စည်ပြပွဲဖွင့်ပွဲ ကျင်းပရာ အခမ်းအနာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်န် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးမာ နှင့် အဖွဲ့ဝင်များ၊ ပြပွဲတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

  အခမ်းအနားတွင် တောင်ကြီးမြို့ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်အေးအေးမာတိုကပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ် နှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန မူကြိုကျောင်းမှကလေးများ၊ ILBC မူကြိုကလေးများကပြဖျော်ဖြေ နေမှုများကိုလည်း ကြည့်ရှု အားပေး ကြသည်။

   အဆိုပါတောင်ကြီး ကုန်စည်ပြပွဲတွင် အလှကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ အဝတ်အထည်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ကွန်ပျူတာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ နှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြသရောင်းချလျှက်ရှိပြီး၊ ပြပွဲကို မတ်လ ၁ ရက် မှ ၅ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသရောင်းချလျှက်ရှိကြောင်းသိရသည်။  

 

 

 

 

 

ပေါ်တော်မူဘွဲ့ အမည်(၇)စေတီတော်မြတ် ရွှေထီးတော်တင်လှူပူဇော်ပွဲ

 

 

 

 

 

ပေါ်တော်မူဘွဲ့ အမည်(၇)စေတီတော်မြတ်  ရွှေထီးတော်တင်လှူပူဇော်ပွဲ

တောင်ကြီး  ဖေဖော်ဝါရီ   ၂၆

       ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ သည်   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့ နယ်၊ ပွေးလှကျေးရွာအုပ်စု ၊ဆံတော်ရှင်တောင်၌ ကျင်းပပြုလုပ်သည့်  ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ဇနီးဒေါ်ဖြူဖြူညွန့်  ၊ သမီး  မစုမြတ်ဖြူ ၊  မအေးမြတ်ဖြူ ၊  သား  မောင်ထက်မြတ်အောင်  မိသားစုတို့မှ  လှူဒါန်းသည့် ပေါ်တော်မူဘွဲ့ အမည်(၇)စေတီတော်မြတ် ရွှေထီးတော် တင်လှူ ပူဇော်ပွဲ သို့ တက်ရောက် ကြည်ညိုကြသည်။

    ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများ  ၊ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသား  ပြည်သူများ သည်  ရွှေထီးတော်တင်၊ ငှက်မျက်နားတော် ၊ စိန်ဖူးတော်တို့ကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော် ကြပြီးနောက်ရတနာရွှေမိုး ၊ငွေမိုးများ  ရွာသွန်းပေးကြသည်။

    ၄င်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်    ပြည်နယ်ဝန်ကြီးများသည်    ရွှေထီးတော်တင်လှူပူဇော်ပွဲသို့   ကြွရောက်တော်မူလာကြသည့်      ဆရာတော်  သံဃာတော်အရှင်သူမြတ်တို့အား  နေ့ဆွမ်း  ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိသည်။

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 46 guests and no members online