သတင်းများ

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၅

 

2

 

   ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တက်ရောက် အမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

   အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး၊ တွဲဘက်ပြည်နယ်ရုံး (လားရှိုး/ကျိုင်းတုံ)တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

 

ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  သြဂုတ်  ၀၄

 

1

 

   ရှမ်းပြည်နယ် ပညာရေးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၄)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊  ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်ပညာရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အမှာစကားပြောကြားပြီး၊ ပြည်နယ်ပညာရေး၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်ပြီး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ရုံးခွဲ(လားရှိုး/ကျိုင်းတုံ)တို့မှ ဒုတိယညွှန်ကြားရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး၊ ခရိုင်ပညာရေးမှူးများက ပညာရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 

   ၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသနှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ပညားရေးမှူးများက အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

ဆည်မြောင်းဦးစီးဌာန၊ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး    ဇူလိုင်    ၃၀

 

1

 

   ရှမ်းပြည်နယ်၊ ဆည်မြောင်းဦးစီးဌာန၏ ၂၀၁၃ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃၀)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးရီ၊ ရှမ်းပြည်နယ် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက အမှာစကားပြောကြားပြီး၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျှက်ရှိသော ဆည်မြောင်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် တွဲဘက်ပြည်နယ်ဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး တောင်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်းလေး) ညောင်ရွှေ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ပြန်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး   သြဂုတ်   ၀၃

 

6

 

   ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည်၊ ဇူလိုင် (၃၀)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်ရှိပြီး နယူးစတားလိုက်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မူဆယ်မြို့ မြို့ပတ်လမ်းကမ်းနားလမ်းနှင့် မြို့ပြစနစ်အကောင်အထည်ဖော်ရေး စီမံကိန်း၊ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမပေါ်ရှိ ပန်ခမ်းတံတားတည်ဆောက်ပြီးစီးမှုနှင့် သိန်းသန်းချီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သည် ဇူလိုင် (၃၁)ရက်နေ့တွင် မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများ အသင်းရုံး အစည်းအဝေးခန်းမ၌ မူဆယ်၊ နမ့်ခမ်းနှင့် ကွက်ခိုင်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုန်သည်လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

7

 

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် သည် သြဂုတ် (၂)ရက်နေ့တွင် လားရှိုးမြို့၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည့် ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ပြီး၊ လားရှိုးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း တပ်ဆင်ထားသည့် CT Scan အား ကြည့်ရှုစစ်ဆေးပြီး၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး အဆောက်အအုံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

အင်းလေးကန် စိမ်းလန်းစိုပြည်ရေး အထောက်အကူအပြု၊ ၂၀၁၃-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တောင်ကြီး   ဇူလိုင်  ၃၀

 

5

 

   ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်းရှိ မြနန္ဒာရေထွက်(အနီး)၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေး အထောက်အကူအပြု၊ ၂၀၁၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၃၀)ရက်၊ နံနက်(၉)နာရီခွဲတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးသောင်းရွှေနှင့် ဦးမြတ်စိုး၊ တောင်ကြီးခရိုင် သစ်တောဦးစီးမှူး၊ ကလောမြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား(၉၅၀)ဦးခန့် တက်ရောက်ကြသည်။

 

   ထို့နောက် ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားပြီး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင် အမျိုးပေါင်း(၁၁)မျိုးကို ပေးအပ်ခဲ့သည်။  ၎င်းသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်အရေအတွက် (၆၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

6

 

   ဆက်လက်ပြီး ပြည်နယ်သစ်တော/သတ္တု ၀န်ကြီးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာစာသင်တိုက်ရှိ ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေ ကျပ်(၁)သိန်းနှင့် (၁၅၀၀၀၀)ကျပ် တန်ဖိုးရှိ လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်(၁၄)လုံးမှ မီးသတ်ယာဉ်(၂)စီး နှင့်Trust Fund ပေးအပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး သြဂုတ်  ၀၃

 

1

 

2

 

   ရှမ်းပြည်နယ် အင်းလေးဒေသ ဟိုတယ်(၁၄)လုံးမှ မီးသတ်ယာဉ်(၂)စီးနှင့် Trust Fund (၉၄ ၆၁၈ ၆၀၀)ကျပ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်(၃)ရက် နေ့လည်(၁၂)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဌေးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

   ထိုနောက် မီးသတ်ယာဉ်(၂)စီးနှင့် ပတ်သက်သည့် စာရွက်စာတမ်များကို ဟိုတယ်လုပ်ငန်းရှင်များ ကိုယ်စား ဦးဇော်မိုးဝင်းနှင့်  ဦးမင်းလတ်တို့က ပေးအပ်လှူဒါန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက လက်ခံရယူခဲ့သည်။

 

  ဆက်လက်ပြီး အင်းလေးကန်စိမ်းလန်းစိုပြေရေးနှင့်  ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Trust Fund (၉၄ ၆၁၈ ၆၀၀)ကျပ်ကို ဟိုတယ်လုပ်ငန်းရှင်များကိုယ်စား ဒေါ်တင်တင်ရီနှင့် ဦးဝင်းအောင်တို့က ပေးအပ်လှူဒါန်းရာ ပြည်နယ် သစ်တောနှင့်သတ္တု၀န်ကြီးဦးစိုင်းအိုက်ပေါင်းမှလက်ခံရယူခဲ့သည်။

 

   ၎င်းနောက် မီးသတ်ယာဉ်(၂)စီးနှင့် Trust Fund  ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ဟိုတယ်လုပ်ငန်းရှင် ဒေါ်စုစုတင်က ရှင်းလင်းပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး    ဇူလိုင်    ၃၀

 

3

 

4

 

   ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃၀)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးရဲနိုင်အောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် က ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အသီးသီး ဆွေးနွေးမှာကြားသည်။

 

   ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်စီမံကိန်းမှူး၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အသီးသီးဆွေးနွေးမှာကြားကြသည်။

 

   ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူးများကလည်းကောင်း၊ မြို့နယ်နှင့် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများကလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ဗီယက်နမ်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့် ရိုးရာယဉ်ကျေးမှုအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံမှာကြား

တောင်ကြီး  သြဂုတ်  ၀၂

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံ၊ ကွန်ထရိုင်ဒေသ၊ ဒေါင်ဟတ်မြို့၌ သြဂုတ်လ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများ၏ တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့အား သြဂုတ်(၂)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ အမျိုးသမီးရေးရာအဖွဲ့ရုံး၊ ခန်းမ၌ တွေ့ဆုံမှာကြားခဲ့သည်။

 

   ထိုသို့တွေ့ဆုံမှာကြားရာတွင် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက အဖွဲ့ဝင် တစ်ဦးချင်းအား မိတ်ဆက်ပေးပြီး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ယဉ်ကျေးမှုအဖွဲ့ဝင်များက ယှဉ်ပြိုင်ကပြမည့် အတီး၊ အကများကို ကပြခဲ့ကြပြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)ကို ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ 

 

လားရှိုးမြို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ရုပ်သိမ်းခြင်း

တောင်ကြီး   ဇူလိုင်   ၂၈

 

လားရှိုးမြို့နယ်၊ နယ်နိမိတ်အတွင်းရှိ အများပြည်သူသိစေရန်မှာ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက် ဧရိယာအတွင်း အများပြည်သူအကျိုးငှာ  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် သတ်မှတ်နယ်နိမိတ်အတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းများ မပြုလုပ်ရန်၊ ည(၁၀)နာရီမှ နံနက်(၃)နာရီအတွင်း လမ်းမပေါ်မထွက်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ လားရှိုးမြို့နယ် အထွေထွေအုပ်ချဒပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားရှိခဲ့သည်။

 

ယခုအခါ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းလျှက်ရှိပြီး လုပ်သားပြည်သူများ အေးချမ်းစွာ သွားလာလှုပ်ရှား၍ နေ့အချိန်၊ ညအချိန်များတွင် စျေးရောင်းစျေးဝယ်နှင့် လုပ်ငန်းခွင်အသီးသီး ဆောင်ရွက်နိုင်ပြီး ဖြစ်သကဲ့သို့ ဝါတွင်းကာလ ဘုရားသွား၊ ကျောင်းတက် အာရုဏ်ဆွမ်းလောင်းခြင်းမှအစ အေးချမ်းစွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော အမိန့်နှင့် စပ်လျဉ်း၍ လားရှိုးမြို့တွင် တည်ငြိမ်အေးချမ်းလျှက်ရှိနေပြီဖြစ်သောကြောင့် အများပြည်သူအကျိုးငှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း အမိန့်အား (၂၇.၇.၂၀၁၃)ရက်နေ့ (၁၈၀၀)အချိန်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

 

မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၃၁

 

1

 

   မြေယာစီမံခန့်ခွဲမှုဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်(၃၁)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက မြေလွတ်မြေရိုင်းနှင့် မြေယာဥပဒေကိစ္စရပ်များကို ရှင်းလင်းအမှာစကား ပြောကြားပြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက သစ်တောကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။

 

   ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက မြေယာအသုံးချမှု ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ရှင်းလင်းမှာကြားသည်။

 

   ဆက်လက်ပြီး ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဦးက လည်းကောင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်က အဆောက်အဦများ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 

 

   ၎င်းနောက် အခမ်းအနားတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ် စီမံကိန်းဦးစီးဌာန ၂၀၁၃ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၇

 

4

 

5

 

   ရှမ်းပြည်နယ် စီမံကိန်းဦးစီးဌာန၏ ၂၀၁၃ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၇)ရက် နေ့လည်(၁)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်စီမံကိန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် နှင့် စီမံကိန်းဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၁၃ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တွဲဖက်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
  2. ရှမ်းပြည်နယ်အတွင်းရှိ လမ်းလုပ်ငန်းများတွင် အသုံးပြုရန် ကတ္တရာ အိတ်ဖွင့်တင်ဒါ ရွေးချယ်ပွဲ ကျင်းပ
  3. သမဝါယမဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
  4. ပဉ္စမအကြိမ် ကလောမြို့နယ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
  6. ကလောမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး
  7. (၆၆)နှစ်မြောက် အာဇာနည်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်ကြီး(၉)ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
  8. အင်းလေးဒေသဟိုတယ်ဇုန်နှင့် ပတ်သက်၍ Environmental Impact Assessment နှင့် Social Impact Assessment ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  9. ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
  10. ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 39 guests and no members online