သတင်းများ

၂၀၁၃ ခုနှစ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး  ဇူလိုင်  ၁၅

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၁၃ ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၁၅)ရက်၊ နံနက်(၈)နာရီက ပွေးလှမြို့၊ ပေါ်တော်မူရှစ်ဆူတောင်ဘုရားကုန်းပေါ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်သားယဉ်ကျေးမှုအဖွဲ့များ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပျိုးပင်များကို ဖြန့်ဝေပေးရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးထူးကိုကိုက လက်ခံရယူပြီး၊ ပင်းတယမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပွေးလှမြို့၊ မြို့မိမြို့ဖများက အသီးသီး လက်ခံရယူကြသည်။

 

   ဆက်လက်၍ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ပျိုးပင်များကို တာဝန်ရှိသူ အသီးသီးတို့ကို ဖြန့်ဝေပေးခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သစ်ပင်များကို စိုက်ပျိုးပေးကြပြီး၊ သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်မှု ပြုလုပ်

တောင်ကြီး  ဇူလိုင်  ၀၅

 

1

 

2

 

   ရှမ်းပြည်နယ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးအဖွဲ့၏ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်ခြင်းကို ဇူလိုင်(၅)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးခန်း၌ ပြုလုပ်ရာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အမှာစကားပြောကြားပြီး၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ဆုချီးမြှင့်ရန် ရွေးချယ်ထားသည့် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစာရင်းကို ဖတ်ကြားတင်ပြသည်။

 

   ၎င်းနောက် တက်ရောက်လာသူများက အသီးသီး ဆွေးနွေးတင်ပြကြပြီး ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စာရင်းအား စိစစ်အတည်ပြုခဲ့ကြသည်။

 

အခွန်ဝေစု လွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး  ဇွန်  ၂၉

 

1

 

    ရှမ်းပြည်နယ်၏ အခွန်ဝေစု လွှဲပြောင်းပေးအပ်ပွဲကျင်းပကို ဇွန် (၂၉)ရက်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကားပြောကြားပြီး၊ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းတင်ပြသည်။

 

2

 

    ထို့နောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်ထံသို့ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ကုန်သွယ်ရေးလုပ်ငန်းခွန် ကျပ်(၇၉၉.၄၄)သန်းကိုလည်းကောင်း၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးက အကောင်ခွန် ကျပ်(၇၆၁.၈၄၃)သန်းကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

3


    ၄င်းနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးသည် နံနက်(၁၁)နာရီတွင် ပြည်နယ်အခွန်ရုံး၌ ဖွင့်လှစ်ထားသော အခွန်ဆိုင်ရာဝင်ဆောင်မှုရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးနှင့် အတူ ဧည့်သည်တော်များက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

တောင်ကြီးတက္ကသိုလ်၊ (၃)ထပ်စာသင်ဆောင် (၃)လုံး တင်ဒါခေါ်ယူ ဆောက်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇူလိုင်  ၀၅

 

4

 

   ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် တောင်ကြီးတက္ကသိုလ်၊ (၃)ထပ်စာသင်ဆောင် (၃)လုံး တင်ဒါခေါ်ယူ ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၅)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေး တင်ပြကြသည်။

 

   ၎င်းနောက် ဦးစီးကော်မတီ၊ တင်ဒါခေါ်ယူရေး ဆပ်ကော်မတီ၊ တင်ဒါစီစစ်ရွေးချယ်ရေး ဆပ်ကော်မတီ၊ ကြမ်းခင်းစျေးသတ်မှတ်ရေး ဆပ်ကော်မတီ၊ အရည်အသွေးစစ်ဆေးရေး ဆပ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ခဲ့ကြသည်။

 

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ

တောင်ကြီး   ဇွန်  ၂၆

 

1

 

2

 

3

 

    ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်(၂၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကား ပြောကြားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဖတ်ကြားသည်။


    ထို့နောက် ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ဆက်လက်ပြီး မြို့တော်ခန်းမဝန်းအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီး၏ ပြခန်းများအား တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


    ၎င်းနောက် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲကို နံနက်(၁၀)နာရီတွင် အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကားပြောကြားပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက မီးရှို့ဖျက်ဆီးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


    ထို့နောက် ဓာတုဆေးရည်များကို မြေကျင်းအတွင်း ပစ်ချဖျက်ဆီးပြီး၊ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၄)သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၀၄

 

4

 

5

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ်မြို့၊ ခေတ်မီမြို့ပတ်ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အလက်နေရာ(မူဆယ်) စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်း၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့နယ်ခွဲ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လားရှိုးမြို့၊ ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေးလုပ်ငန်း၊ လားရှိုးမြို့၊ ရေပေးဝေရေးအပိုင်း(၁) ဆောင်ရွက်ခြင်း လုပ်ငန်း၊ တာချီလိတ်မြို့၊ ဝမ်းကောင်းမြို့မစျေး အဆင့်မြင့်တင်တည်ဆောက်ရေး လုပ်ငန်း၊ တာချီလိတ်မြို့၊ ပါဆတ်မြို့ခေတ်မီကားကွင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် နမ့်စန်(တောင်)မြို့ ဆိုင်ခန်း(၂၀) တည်ဆောက်ခြင်းလုပ်ငန်း  သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်(၄)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်စည်ပင်သာယာရေး တာဝန်ရှိသူများနှင့် လုပ်ငန်းလက်ခံသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ နယူးစတားလိတ် ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကျော်ဝင်းက မူဆယ်မြို့၊ ခေတ်မီမြို့ပတ်ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေးအချက်အလက်နေရာ(မူဆယ်) စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်ပြီး လောက်ကိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက ကိုးကန့်ဆွေ ကုမ္ပဏီလီမိတက်၏ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့နယ်ခွဲတို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက လားရှိုးမြို့၊ မြို့ဂုဏ်ဆောင်(လားရှိုး) ဝန်ဆောင်မှုကုမ္ပဏီလီမိတက်၊ တာချီလိတ်မြို့၊ မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် နမ့်စန်မြို့၊ အောင်လင်းထွန်း ကုမ္ပဏီလီမိတက်တို့၏ (PPP) စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ကုမ္ပဏီအလိုက် လုပ်ငန်းလက်ခံသဘောတူစာချုပ်များ၌ လက်မှတ်ရေးထိုးကြပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဝန်ခံကတိနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။

 

2

 

1

 

3

 

   ၎င်းနောက် လုပ်ငန်းသဘောတူစာချုပ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခေတ္တ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အတည်ပြုလက်မှတ်ရေးထိုးပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

6

 

ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   ဇွန်   ၂၇

 

1

 

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားကို ဇွန် (၂၇)ရက်၊ နံနက်(၉)နာရီက မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း တက်ရောက်ခဲ့သည်။


    ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင် ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖတ်ကြားပေးပြီး၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော တင်ပြခဲ့သည်။


    အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ အမှတ်(၁၅) မူလတန်းကျောင်းတွင် ဖုံးသွန်လဲစစ်(အပတ်စဉ် သောကြာနေ့တိုင်း ရေအိုးရေခွက်များ ရေသွန်မှောက်ထားခဲ့ပါရန်)ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် လောက်လန်းစား ငါးထည့်ခြင်းတို့ ဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၀၃

 

1

 

   ရှမ်းပြည်နယ် ၂၀၁၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


   ရှေးဦးစွာ တောင်ကြီး၊ ပညာရေးကောလိပ်မှ သင်တန်းသူလေးများက " မြန်မာအမျိုးသမီးစွမ်းပကား " သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက အမှာစကား ပြောကြားသည်။

 

2

 

4

 

3

 

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


   ယင်းနောက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


   ၎င်းနောက် တောင်ကြီး၊ ပညာရေးကောလိပ်မှ သင်တန်းသူလေးများက " အင်အားသစ်များနှင့် အတူ " သီချင်းကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံ

တောင်ကြီး  ဇွန်  ၂၀

 

 5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံပွဲကို ဇွန်(၂၀)ရက်၊ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


   အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆွေးနွေးပြောကြားသည်။


   ဆက်လက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် ဦးဘောင်ခေး၊ ဦးစိုင်းလူးတို့က ဒေသခံဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

 

7


   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး   ဇူလိုင်   ၀၁

 

1

 

    မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ၂၀၁၃ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၁)ရက်၊ နံနက်(၈)နာရီက အေးသာယာဂေါက်ကွင်းရှေ့ ကွင်းပြင်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်က အမှာစကားပြောကြားပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေတို့က ပျိုးပင်များကို ဖြန့်ဝေပေးခဲ့သည်။

 

2

 

    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာသူများက သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

 

6

 

7

 

    ၎င်းနောက် နံနက်(၉)နာရီတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်သည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်ပန်းခြံဒေါင့်ရှိ အမျိုးသမီးရေးရာနေ့ ဆိုင်းဘုတ်ဖွင့်ပွဲသို့ တက်ရောက်၍ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ပြည်နယ်၀န်ကြီး ဦးအောင်ကျော်ညွှန့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တောင်ကြီး  ဇွန်  ၂၀

 

3

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၁၃)သို့ တက်ရောက်ခဲ့သည်။


   အစည်းအဝေးတွင် ဝန်ကြီးမှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် ပါဝင်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမသဘောတရား၊ သမဝါယမလုပ်ငန်းများ ပြန့်ပွားရေးအတွက် ပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးရရှိသည့် ချေးငွေများအား အကျိုးရှိစွာ အသုံးပြုရေးတို့အား ဆွေးနွေးမှာကြားခဲ့သည်။


   ၎င်းနောက် ပြည်နယ်သမဝါယမဦးစီးဌာနတွင် (၁၇.၆.၂၀၁၃ မှ ၁၉.၆.၂၀၁၃ )ထိ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်မှ အသင်းအမှုဆောင် (၅၃)ဦးအား လိုအပ်သည်များ မှာကြား၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

More Articles...

  1. ကလေးသူငယ်အား လူမဆန်စွာညှင်းပန်းနှိပ်စက်သူကို ဥပဒေနှင့် အညီ အရေးယူ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Prime Energy Partners Co.Ltd အဖွဲ့ တွေ့ဆုံ
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့ တွေ့ဆုံ
  4. အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
  5. ဖယ်ခုံမြို့နယ်၊ အမက(၇) "နဝရတ်"ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် တောင်စလုံး-လတိန် (သဲအိတ်နည်းပညာ)လမ်းသစ်ဖွင့်ပွဲ ကျင်းပ
  6. ၂၀၁၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
  7. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရပ်စောက်မြို့နယ်အတွင်း လှည့်လည်ကြည့်ရှု
  8. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု
  9. မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
  10. တောင်ကြီးတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 81 guests and no members online