သတင်းများ

ေတာင္ႀကီးၿမိဳ႕၌ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၆

222

၂၀၁၉ ခုႏွစ္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ(၁၆)ရက္ နံနက္(၉)နာရီခြဲ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၂၀၁၉ ခုႏွစ္အတြက္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ေဆာင္ပုဒ္မွာ “32 Years and Healing” ျမန္မာဘာသာျဖင့္ “၃၂ႏွစ္ၾကာေအာင္ျမင္မႈ အိုဇုန္းလႊာကသက္ေသျပဳ” ျဖစ္ပါေၾကာင္း၊ ၁၉၈၅ ခုႏွစ္တြင္ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းကို ခ်မွတ္ႏိုင္ခဲ့ၿပီး၊ ၁၉၈၇ ခုႏွစ္တြင္ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားဆိုင္ ရာမြန္ထရီယယ္ ေနာက္ဆက္တြဲစာခ်ဳပ္ကို ထပ္မံခ်ဳပ္ဆိုႏိုင္ခဲ့၍ စာခ်ဳပ္တြင္ ျမန္မာႏိုင္ငံအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း(၁၉၇) ႏိုင္ငံက လက္မွတ္ေရးထိုးကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ မြန္ထရီယယ္သေဘာတူညီခ်က္မွာပါဝင္ သည့္အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ အိုဇုန္းလႊာပ်က္စီးေစေသာ ဓာတုပစၥည္းမ်ား၏၉၉%ကို ေလၽွာ႔ခ်ႏိုင္ေရးေဆာင္႐ြက္ရာတြင္ အဓိကလိုက္နာရမည့္ ကတိကဝတ္(၃)ခုရွိပါေၾကာင္း၊ အိုဇုန္းလႊာပ်က္စီးေစသည့္ ပစၥည္းမ်ားအသုံးျပဳမႈ ရပ္တန္႔ျခင္းႏွင့္ ဖ်က္သိမ္းျခင္း၊ ထုတ္လုပ္မႈႏွင့္သုံးစြဲေနမႈမ်ား ထိန္းခ်ဳပ္ ေရးနည္းလမ္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း၊ ထုတ္လုပ္ အသုံးျပဳမႈႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို ႏွစ္စဥ္အစီရင္ခံရန္တို႔ျဖစ္ပါေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ အိုဇုန္းလႊာ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားကို သုံးစြဲမည့္အစား အိုဇုန္းလႊာကိုမထိခိုက္ေစေသာ ပစၥည္းမ်ားကို အစားထိုးသုံးစြဲျခင္းႏွင့္ ေလၽွာ႔ခ်သုံးစြဲျခင္းအားျဖင့္ ကမၻာ့အပူခ်ိန္ကိုေလ်ာ့က်ေစရန္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါေၾကာင္း ေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ဉာဏ္စမ္းအေျဖလႊာမ်ား ျပန္လည္လက္ခံ သိမ္းဆည္းၿပီး၊ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ အသိပညာေပးဗီဒီယိုျပသကာ အိုဇုန္းလႊာထိန္းသိမ္းေရးႏွင့္ သက္ဆိုင္ေသာ ပတ္ဝန္းက်င္ဆိုင္ရာဉာဏ္စမ္းပေဟဠိအေျဖမ်ားျပသ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၆

၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ(၁၆)ရက် နံနက်(၉)နာရီခွဲ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “32 Years and Healing” မြန်မာဘာသာဖြင့် “၃၂နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု” ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင် ရာမွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့၍ စာချုပ်တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၇) နိုင်ငံက လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ်သဘောတူညီချက်မှာပါဝင် သည့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများ၏၉၉%ကို လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် ကတိကဝတ်(၃)ခုရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ပစ္စည်းများအသုံးပြုမှု ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ထုတ်လုပ်မှုနှင့်သုံးစွဲနေမှုများ ထိန်းချုပ် ရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ထုတ်လုပ် အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်စဉ်အစီရင်ခံရန်တို့ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့်အစား အိုဇုန်းလွှာကိုမထိခိုက်စေသော ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့် လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကိုလျော့ကျစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဉာဏ်စမ်းအဖြေလွှာများ ပြန်လည်လက်ခံ သိမ်းဆည်းပြီး၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသကာ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဉာဏ်စမ်းပဟေဠိအဖြေများပြသ၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာအား ျပန္လည္ျပင္ဆင္ေနမႈကို ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

220

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္ လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀) ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၎ေနရာသို႔ ေျမမ်ားျပန္လည္ဆည္ယူ ျပဳျပင္ေနမႈ ႏွင့္ သစ္ေတာရပ္ကြက္၊ အိမ္အမွတ္(၁၇၈)၊ ဟိန္းထက္ႏိုင္ေဘာ္ဒါေဆာင္ ေနာက္ေက်ာရွိ ေျမသား မ်ား ၿပိဳက်ေနမႈတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား စက္တင္ဘာ ၁၂ ရက္ ညေန ၄ နာရီက ကြင္းဆင္းၾကည့္႐ႈ စစ္ေဆးၾကေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာ၌ ေျမသားမ်ား ဆည္ယူရာတြင္ ဘက္ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးမွ ဦးေဆာင္၍ ေဆာက္လုပ္ေရးႏွင့္ လမ္းဦးစီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔မွ ဝန္ထမ္းမ်ားပူးေပါင္း၍ အႏၲရာယ္ကင္းရွင္းေရးႏွင့္ လုပ္ငန္းမ်ားေအာင္ျမင္စြာအျမန္ဆုံးၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာအား ပြန်လည်ပြင်ဆင်နေမှုကို ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ နယ်မြေ(၃) အနောက်မြို့ပတ် လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀) ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ ၎င်းနေရာသို့ မြေများပြန်လည်ဆည်ယူ ပြုပြင်နေမှု နှင့် သစ်တောရပ်ကွက်၊ အိမ်အမှတ်(၁၇၈)၊ ဟိန်းထက်နိုင်ဘော်ဒါဆောင် နောက်ကျောရှိ မြေသား များ ပြိုကျနေမှုတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာ၌ မြေသားများ ဆည်ယူရာတွင် ဘက်ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဦးဆောင်၍ ဆောက်လုပ်ရေးနှင့် လမ်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများအောင်မြင်စွာအမြန်ဆုံးပြီးစီးနိုင်ရန် ဆောင်ရွက်နေကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

သဘာဝေဘးႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ေရးလုပ္ငန္းအတြက္ အရပ္ဖက္အဖြဲ႕အစည္း သဘာဝေဘးကူညီကယ္ဆယ္ေရးပရဟိတအဖြဲ႕အစည္းမ်ား၊ လူငယ္မ်ားႏွင့္ ေဒသခံမ်ားေတြ႕ဆုံပြဲက်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၇

215

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး သည္သဘာဝေဘးႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ေရးလုပ္ငန္းအတြက္ အရပ္ဖက္အဖြဲ႕အစည္းသဘာဝ ေဘးကူညီကယ္ဆယ္ေရး ပရဟိတအဖြဲ႕အစည္းမ်ား၊ လူငယ္မ်ားႏွင့္ ေဒသခံမ်ားေတြ႕ဆုံပြဲကို စက္တင္ဘာ(၇)ရက္ နံနက္(၁၀) နာရီက ေတာင္ႀကီးၿမိဳ႕ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခန္းမ၌က်င္းပေၾကာင္းသိရသည္။

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး ကအဖြင့္အမွာစကားေျပာၾကားၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လူမႈဝန္ထမ္းဦးစီး ဌာနမွတိုက္႐ိုက္တာဝန္ယူေဆာင္႐ြက္ေနသည့္ အစိုးရမူလတန္းႀကိဳေက်ာင္းမ်ား၊ ကိုယ့္အားကိုယ္ကိုးမူလတန္းႀကိဳေက်ာင္း မ်ား၊ ေန႔ကေလးထိန္းေက်ာင္း၊ ပုဂၢလိကမူလတန္းႀကိဳေက်ာင္းမ်ား စသျဖင့္ရွိပါေၾကာင္း၊ မူလတန္းႀကိဳေက်ာင္းတစ္ေက်ာင္း၊ ေလၽွာက္လႊာတင္ထားသည့္ ကိုယ့္အားကိုယ္ကိုး မူလတန္းႀကိဳေက်ာင္း(၁၈)ေက်ာင္း၊ တည္ေထာင္ခြင့္ျပဳမိန္႔ရရွိၿပီးေသာ ပုဂၢလိက မူလတန္းႀကိဳေက်ာင္းမ်ား(၁၁၇)ေက်ာင္း၊ ေန႔ကေလးထိန္းေက်ာင္း(၁)ေက်ာင္း၊ စိစစ္ဆဲပုဂၢလိက မူလတန္းႀကိဳ ေက်ာင္း(၂)ေက်ာင္း၊ ေလၽွာက္လႊာတင္ထားသည့္ ပုဂၢလိကမူလတန္းႀကိဳေက်ာင္း(၉)ေက်ာင္း စုစုေပါင္း(၃၇၀)ေက်ာင္း ရွိပါ ေၾကာင္း၊ ေရွးဦးကေလးသူငယ္ျပဳစုပ်ိဳးေထာင္ေရး နည္းပညာျပန္႔ပြားေစရန္ ရပ္႐ြာထဲရွိကေလးသူငယ္မ်ားကို စနစ္တက်ျပဳစု ပ်ိဳးေထာင္ႏိုင္ေစရန္ရည္႐ြယ္၍ ၂၀၁၈−၂၀၁၉ ဘ႑ာေရးႏွစ္တြင္ မိခင္ဝိုင္း(၄၆)ဝိုင္း၊ ကေလးဦးေရ(၉၂၀)ဦးအတြက္ ေငြက်ပ္ (၈၆၀.၂)သိန္း ေထာက္ပံ့ေပးႏိုင္ခဲ့ပါေၾကာင္း၊ လူငယ္မ်ားဘက္စုံဖြံ႕ၿဖိဳးတိုးတက္၍ မွန္ကန္ေသာလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိ ေစၿပီး၊ က်န္းမာႀကံ႕ခိုင္ေရး၊ ပညာေရး၊ လူမႈေရး၊ စြမ္းေဆာင္ရည္ျမႇင့္တင္ႏိုင္ေရး၊ ဦးေဆာင္မႈအရည္အေသြး၊ ပူးေပါင္းေဆာင္႐ြက္ ႏိုင္ေစေရးတို႔အတြက္ လူငယ္ရိပ္သာေျမေနရာမ်ားရရွိေရးကို ပထမဦးစြာ စီစဥ္ေဆာင္႐ြက္ေနပါေၾကာင္း၊ လူငယ္မ်ားက်န္းမာ ႀကံ႕ခိုင္ေရးအတြက္ ေကာင္းမြန္စြာေလ့က်င့္ကစားႏိုင္ရန္ အားကစား႐ုံ၊ အားကစားကြင္းမ်ား၊ ေရကူးကန္၊ စာၾကည့္တိုက္ႏွင့္ အစည္းအေဝးခန္းမအစရွိသည္တို႔ကို ေဆာင္႐ြက္ႏိုင္ရန္ ေျမေနရာမ်ားကိုလည္း တင္ျပေတာင္းခံေနဆဲျဖစ္ပါေၾကာင္း၊ သဘာဝႀကိဳတင္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ ရွမ္းျပည္နယ္သဘာဝေဘးစီမံခန္႔ခြဲမႈရန္ပုံေငြႏွင့္ အမ်ိဳးသားသဘာဝ ေဘးစီမံခန္႔ခြဲမႈရန္ပုံေငြကို အသုံးျပဳၿပီးေဆာင္႐ြက္လ်က္ရွိရာ ၂၀၁၈−၂၀၁၉ ခုႏွစ္အတြင္း လုပ္ငန္းေပါင္း(၂၈)ခုအတြက္ ရန္ပုံေငြ က်ပ္သန္းေပါင္း(၁၀၀၀)နီးပါးခန္႔အထိ သုံးစြဲေဆာင္႐ြက္ခဲ့သလို လုပ္ငန္းေပါင္း(၇)ခုအတြက္ က်ပ္သန္းေပါင္း(၇၀၀)ေက်ာ္ကို လည္းတင္ျပေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္မွ MCCT အစီအစဥ္ႏွင့္ပတ္သက္၍ ရွင္းလင္းေဆြးေႏြးၿပီး၊ ျပည္နယ္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ျပည္နယ္ဦးစီးမႉးမွ DAN Mobile Application ႏွင့္စပ္လ်ဥ္း၍ မိတ္ဆက္ ရွင္းလင္းကာ ရွမ္းျပည္နယ္ လူငယ္ေရးရာကိစၥရပ္မ်ားအား တက္ေရာက္လာသူမ်ားမွ ေဆြးေႏြးတင္ျပျခင္းႏွင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ ရွင္းလင္းေျဖၾကား၍ အလႉေငြမ်ားေပးအပ္လႉဒါန္းရာ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရး ဝန္ႀကီးဌာနမွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသမွ တိုက္ပြဲေရွာင္ျပည္သူအိမ္ေထာင္စု(၃၇၃)စုႏွင့္ လူဦးေရ(၁၄၁၃)ဦးအတြက္ ဆန္ဖိုးေငြ(၁)လစာ ေထာက္ပံ့မႈက်ပ္(၁၂၇.၁၇)သိန္းကို ျပည္ေထာင္စုဝန္ႀကီးမွေပးအပ္ရာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္မွလက္ခံရယူ၍လည္းေကာင္း၊ ေမတၱာရွင္အဖြဲ႕မွ လား႐ႈိးခ႐ိုင္အတြင္းရွိ တိုက္ပြဲေရွာင္ ျပည္သူလူထုအတြက္ အလႉေငြ က်ပ္(၂၅)သိန္းႏွင့္ ဖယ္ခုံၿမိဳ႕ ေ႐ႊျပည္ေအးျပန္လည္ထူေထာင္ေရးစခန္းတြင္ ႏွစ္ခန္းတြဲေရအိမ္(၂)လုံး၊ စုစုေပါင္းေရအိမ္(၄)လုံး ေဆာက္လုပ္ျခင္းအတြက္ အလႉေငြက်ပ္(၂၅)သိန္း၊ ေအာင္ျမင့္မိုရ္ကုမၸဏီမွ ဖယ္ခုံၿမိဳ႕ ေ႐ႊျပည္ေအးျပန္လည္ထူေထာင္ေရး စခန္းတြင္အသုံးျပဳရန္ သံခုတင္(၃၀)လုံး၊ ေမြ႕ယာ၊ ေခါင္းအုံး၊ ျခင္ေထာင္၊ ေစာင္အစုံ(၃၀)ဝယ္ယူရန္အတြက္က်ပ္(၄၅)သိန္း၊ ျမန္မာ့ၾကယ္စင္လင္းကုမၸဏီမွ ဝန္ထမ္းအိမ္ယာသင္တန္းသားအိပ္ေဆာင္မ်ားတြင္ မီတာေဘာက္စ္(၃)လုံးတပ္ဆင္ျခင္း၊ မီးမ်ား သြယ္တန္းျခင္း၊ မီးေခ်ာင္း၊ မီးခလုပ္မ်ားအသစ္တပ္ဆင္ျခင္းအတြက္ အလႉေငြက်ပ္(၂၃)သိန္း၊ အစၥလာမ္ဘာသာေရး အဖြဲ႕အစည္း မွမြန္ျပည္နယ္အတြင္းရွိ ေရေဘးဒဏ္ခံစားရသည့္ ျပည္သူလူထုအတြက္ အလႉေငြက်ပ္(၂၀)သိန္းတို႔ကို အသီးသီးေပးအပ္ လႉဒါန္းၾကရာ ျပည္ေထာင္စုဝန္ႀကီးႏွင့္တာဝန္ရွိသူမ်ားက လက္ခံရယူၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉−၂၅၀၁၃၂၉၄၃

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အရပ်ဖက်အဖွဲ့အစည်း သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ လူငယ်များနှင့် ဒေသခံများတွေ့ဆုံပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည်သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အရပ်ဖက်အဖွဲ့အစည်းသဘာဝ ဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ လူငယ်များနှင့် ဒေသခံများတွေ့ဆုံပွဲကို စက်တင်ဘာ(၇)ရက် နံနက်(၁၀) နာရီက တောင်ကြီးမြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမ၌ကျင်းပကြောင်းသိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကအဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လူမှုဝန်ထမ်းဦးစီး ဌာနမှတိုက်ရိုက်တာဝန်ယူဆောင်ရွက်နေသည့် အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း များ၊ နေ့ကလေးထိန်းကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ စသဖြင့်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းတစ်ကျောင်း၊ လျှောက်လွှာတင်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၈)ကျောင်း၊ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ(၁၁၇)ကျောင်း၊ နေ့ကလေးထိန်းကျောင်း(၁)ကျောင်း၊ စိစစ်ဆဲပုဂ္ဂလိက မူလတန်းကြို ကျောင်း(၂)ကျောင်း၊ လျှောက်လွှာတင်ထားသည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်း(၉)ကျောင်း စုစုပေါင်း(၃၇၀)ကျောင်း ရှိပါ ကြောင်း၊ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေး နည်းပညာပြန့်ပွားစေရန် ရပ်ရွာထဲရှိကလေးသူငယ်များကို စနစ်တကျပြုစု ပျိုးထောင်နိုင်စေရန်ရည်ရွယ်၍ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မိခင်ဝိုင်း(၄၆)ဝိုင်း၊ ကလေးဦးရေ(၉၂၀)ဦးအတွက် ငွေကျပ် (၈၆၀.၂)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိ စေပြီး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး၊ ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းဆောင်ရွက် နိုင်စေရေးတို့အတွက် လူငယ်ရိပ်သာမြေနေရာများရရှိရေးကို ပထမဦးစွာ စီစဉ်ဆောင်ရွက်နေပါကြောင်း၊ လူငယ်များကျန်းမာ ကြံ့ခိုင်ရေးအတွက် ကောင်းမွန်စွာလေ့ကျင့်ကစားနိုင်ရန် အားကစားရုံ၊ အားကစားကွင်းများ၊ ရေကူးကန်၊ စာကြည့်တိုက်နှင့် အစည်းအဝေးခန်းမအစရှိသည်တို့ကို ဆောင်ရွက်နိုင်ရန် မြေနေရာများကိုလည်း တင်ပြတောင်းခံနေဆဲဖြစ်ပါကြောင်း၊ သဘာဝကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် ရှမ်းပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေနှင့် အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှုရန်ပုံငွေကို အသုံးပြုပြီးဆောင်ရွက်လျက်ရှိရာ ၂၀၁၈−၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းပေါင်း(၂၈)ခုအတွက် ရန်ပုံငွေ ကျပ်သန်းပေါင်း(၁၀၀၀)နီးပါးခန့်အထိ သုံးစွဲဆောင်ရွက်ခဲ့သလို လုပ်ငန်းပေါင်း(၇)ခုအတွက် ကျပ်သန်းပေါင်း(၇၀၀)ကျော်ကို လည်းတင်ပြဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ MCCT အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ DAN Mobile Application နှင့်စပ်လျဉ်း၍ မိတ်ဆက် ရှင်းလင်းကာ ရှမ်းပြည်နယ် လူငယ်ရေးရာကိစ္စရပ်များအား တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြား၍ အလှူငွေများပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၃၇၃)စုနှင့် လူဦးရေ(၁၄၁၃)ဦးအတွက် ဆန်ဖိုးငွေ(၁)လစာ ထောက်ပံ့မှုကျပ်(၁၂၇.၁၇)သိန်းကို ပြည်ထောင်စုဝန်ကြီးမှပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှလက်ခံရယူ၍လည်းကောင်း၊ မေတ္တာရှင်အဖွဲ့မှ လားရှိုးခရိုင်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူလူထုအတွက် အလှူငွေ ကျပ်(၂၅)သိန်းနှင့် ဖယ်ခုံမြို့ ရွှေပြည်အေးပြန်လည်ထူထောင်ရေးစခန်းတွင် နှစ်ခန်းတွဲရေအိမ်(၂)လုံး၊ စုစုပေါင်းရေအိမ်(၄)လုံး ဆောက်လုပ်ခြင်းအတွက် အလှူငွေကျပ်(၂၅)သိန်း၊ အောင်မြင့်မိုရ်ကုမ္ပဏီမှ ဖယ်ခုံမြို့ ရွှေပြည်အေးပြန်လည်ထူထောင်ရေး စခန်းတွင်အသုံးပြုရန် သံခုတင်(၃၀)လုံး၊ မွေ့ယာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်အစုံ(၃၀)ဝယ်ယူရန်အတွက်ကျပ်(၄၅)သိန်း၊ မြန်မာ့ကြယ်စင်လင်းကုမ္ပဏီမှ ဝန်ထမ်းအိမ်ယာသင်တန်းသားအိပ်ဆောင်များတွင် မီတာဘောက်စ်(၃)လုံးတပ်ဆင်ခြင်း၊ မီးများ သွယ်တန်းခြင်း၊ မီးချောင်း၊ မီးခလုပ်များအသစ်တပ်ဆင်ခြင်းအတွက် အလှူငွေကျပ်(၂၃)သိန်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်း မှမွန်ပြည်နယ်အတွင်းရှိ ရေဘေးဒဏ်ခံစားရသည့် ပြည်သူလူထုအတွက် အလှူငွေကျပ်(၂၀)သိန်းတို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

219

ျမန္မာႏိုင္ငံအေနျဖင့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒကို ၂၀၀၅ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ ျပဌာန္းခဲ့ၿပီး ဥပေဒျပဌာန္းခဲ့သည့္ စက္တင္ဘာလ(၁၃)ရက္ကို ျမန္မာႏိုင္ငံ၏ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ ကသတ္မွတ္က်င္းပလာခဲ့ရာ ယခုဆိုလၽွင္ သတၱမအႀကိမ္ေျမာက္ရွိခဲ့ၿပီျဖစ္၍ ယေန႔စက္တင္ဘာလ(၁၃)ရက္ေန႔ နံနက္(၉)နာရီ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ က်င္းပေၾကာင္းသိရ သည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လူကုန္ကူးမႈျပႆနာသည္ လူသားအခ်င္းခ်င္း စာနာမႈကင္းမဲ့စြာျဖင့္ ေခါင္းပုံျဖတ္အျမတ္ထုတ္သည့္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈတစ္ခုျဖစ္ပါေၾကာင္း၊ လူကုန္ကူးမႈမ်ားသည္ ပုံသ႑ာန္၊ နည္းလမ္း မ်ိဳးစုံႏွင့္ ကမၻာ့ေနရာအႏွံ႔အျပားတြင္ ျဖစ္ပြားလ်က္ရွိၿပီး တစ္ကမၻာလုံးအတိုင္းအတာအေနျဖင့္ လူကုန္ကူးမႈ၏ ဒဏ္ခံေနရသည္ ကိုေတြ႕ရွိရပါေၾကာင္း၊ ႏိုင္ငံအလိုက္ ဆင္းရဲ၊ ခ်မ္းသာ ကြာဟမႈအေပၚမူတည္၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်သည့္ ႏိုင္ငံမ်ားသည္ လူကုန္ကူးမႈ၏ဆိုးက်ိဳးမ်ားကို ပိုခံစားေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ အသက္အ႐ြယ္အလိုက္ လူကုန္ကူးခံရ သူအမ်ိဳးအစားကို ၾကည့္မည္ဆိုပါက အမ်ိဳးသား၂၉%၊ အမ်ိဳးသမီး၄၈%၊ ကေလးသူငယ္အမ်ိဳးသား၄%၊ အမ်ိဳးသမီး၁၉% ပါဝင္ ေၾကာင္းေဖာ္ျပထားသည္ကို ေတြ႕ရွိရပါေၾကာင္း၊ လူကုန္ကူးမႈအမ်ိဳးအစားမ်ားတြင္ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္မႈ၆၀%၊ လုပ္အားေခါင္းပုံျဖတ္မႈ၃၈%၊ အျခားလူကုန္ကူးမႈ၂% ပါဝင္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈအမ်ိဳးအစား မ်ားမွာအဓမၼထိမ္းျမားလက္ထပ္ျခင္း၊ အဓမၼျပည့္တန္ဆာျပဳျခင္း၊ အဓမၼခိုင္းေစျခင္း၊ ကေလးသူငယ္လူကုန္ကူးျခင္း၊ ေႂကြးၿမီႏွင့္ ေႏွာင္ဖြဲ႕ခိုင္းေစျခင္းဆိုသည့္ ပုံစံ(၅)မ်ိဳးျဖစ္ပြားခဲ့သည္ကိုေလ့လာေတြ႕ရွိရပါေၾကာင္း၊ ၂၀၁၈ခုႏွစ္အတြင္း လူကုန္ကူးမႈျဖစ္ပြား ခဲ့သည့္ အဓမၼထိမ္းျမားလက္ထပ္မႈ၇၅.၂၄%၊ အဓမၼျပည့္တန္ဆာျပဳမႈ၁၃.၅၉%၊ အဓမၼအလုပ္ခိုင္းေစမႈ၈.၇၄%၊ အငွားကိုယ္ဝန္ ေဆာင္မႈ၁.၉၄%၊ အဓမၼေမြးစားမႈ၀.၄၉% ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ ႏိုင္ငံအလိုက္ဦးတည္ျဖစ္ပြားမႈအေနျဖင့္ တ႐ုတ္ႏိုင္ငံ၇၉.၆၁%၊ ထိုင္းႏိုင္ငံ၁.၄၆%၊ ျပည္တြင္း၁၈.၉၃% ျဖစ္ပြားခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ၏လူကုန္ကူးမႈမ်ား ေဖာ္ထုတ္အေရးယူမႈအေနျဖင့္ ဆဌမ အႀကိမ္လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ ၿပီးဆုံးသည့္အခ်ိန္ကစ၍ ယေန႔အခ်ိန္ထိ လူကုန္ကူးမႈ(၂၁၀)မႈ၊ လူကုန္ကူးသူ က်ား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုေပါင္း(၂၉၀)ဦး စိစစ္သတ္မွတ္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံက်ား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုေပါင္း(၄၈၆)ဦး တို႔ကိုထိေရာက္ဟန္႔တားေလာက္သည့္ ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ခဲ့ၿပီး၊ ရွမ္းျပည္နယ္အတြင္းတြင္ လူကုန္ကူးမႈ(၆၄)မႈ၊ လူကုန္ကူးသူ က်ား(၁)ဦး၊ မ(၉၄)ဦး၊ စုစုေပါင္း(၉၅)ဦး ကယ္တင္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံ က်ား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုေပါင္း(၁၉၆)ဦးတို႔ကို ထိေရာက္ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ႏိုင္ခဲ့၍ လူကုန္ကူးမႈမ်ားကို စစ္ေဆးေဖာ္ထုတ္ရာတြင္ ျပစ္မႈ က်ဴးလြန္မႈမွရရွိသည့္ ေငြေၾကးပစၥည္းမ်ားကို ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒအရ အေရးယူမႈမ်ား ပိုမိုထိေရာက္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေဆာင္ပုဒ္ ျဖစ္သည့္ “လူကုန္ကူးမႈအႏၲရာယ္ ဝိုင္းဝန္းပူးေပါင္းဒို႔ကာကြယ္” ဆိုသည့္ေဆာင္ပုဒ္ႏွင့္အညီ အားလုံးပူးေပါင္းပါဝင္ကူညီ ေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားအား (၁၀)မိနစ္စာေနာက္ခံစကားေျပာ ဗီဒီယိုေခြျပသကာ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက “ယုံၾကည္ခ်က္သို႔ ေမၽွာလြင့္ရာ” လူကုန္ကူးမႈအသိပညာေပးဇာတ္လမ္း သ႐ုပ္ေဖာ္ျဖင့္တင္ဆက္ကျပ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးလွဦးတို႔မွ သ႐ုပ္ေဖာ္တင္ဆက္ကျပသည့္ အဖြဲ႕ေခါင္းေဆာင္မ်ား အားအမွတ္တရလက္ေဆာင္ေပးအပ္ခ်ီးျမႇင့္ၿပီး၊ ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၃

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဥပဒေပြဌာန်းခဲ့သည့် စက်တင်ဘာလ(၁၃)ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ် ကသတ်မှတ်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ရှိခဲ့ပြီဖြစ်၍ ယနေ့စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကျင်းပကြောင်းသိရ သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန်၊ နည်းလမ်း မျိုးစုံနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် လူကုန်ကူးမှု၏ ဒဏ်ခံနေရသည် ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံအလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုအပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ အသက်အရွယ်အလိုက် လူကုန်ကူးခံရ သူအမျိုးအစားကို ကြည့်မည်ဆိုပါက အမျိုးသား၂၉%၊ အမျိုးသမီး၄၈%၊ ကလေးသူငယ်အမျိုးသား၄%၊ အမျိုးသမီး၁၉% ပါဝင် ကြောင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၆၀%၊ လုပ်အားခေါင်းပုံဖြတ်မှု၃၈%၊ အခြားလူကုန်ကူးမှု၂% ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစား များမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးဖြစ်ပွားခဲ့သည်ကိုလေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွား ခဲ့သည့် အဓမ္မထိမ်းမြားလက်ထပ်မှု၇၅.၂၄%၊ အဓမ္မပြည့်တန်ဆာပြုမှု၁၃.၅၉%၊ အဓမ္မအလုပ်ခိုင်းစေမှု၈.၇၄%၊ အငှားကိုယ်ဝန် ဆောင်မှု၁.၉၄%၊ အဓမ္မမွေးစားမှု၀.၄၉% ဖြစ်ပွားခဲ့ကြောင်းနှင့် နိုင်ငံအလိုက်ဦးတည်ဖြစ်ပွားမှုအနေဖြင့် တရုတ်နိုင်ငံ၇၉.၆၁%၊ ထိုင်းနိုင်ငံ၁.၄၆%၊ ပြည်တွင်း၁၈.၉၃% ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုများ ဖော်ထုတ်အရေးယူမှုအနေဖြင့် ဆဌမ အကြိမ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့်အချိန်ကစ၍ ယနေ့အချိန်ထိ လူကုန်ကူးမှု(၂၁၀)မှု၊ လူကုန်ကူးသူ ကျား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုပေါင်း(၂၉၀)ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကျား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုပေါင်း(၄၈၆)ဦး တို့ကိုထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အတွင်းတွင် လူကုန်ကူးမှု(၆၄)မှု၊ လူကုန်ကူးသူ ကျား(၁)ဦး၊ မ(၉၄)ဦး၊ စုစုပေါင်း(၉၅)ဦး ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံ ကျား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့ကို ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်နိုင်ခဲ့၍ လူကုန်ကူးမှုများကို စစ်ဆေးဖော်ထုတ်ရာတွင် ပြစ်မှု ကျူးလွန်မှုမှရရှိသည့် ငွေကြေးပစ္စည်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၉ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းဒို့ကာကွယ်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား (၁၀)မိနစ်စာနောက်ခံစကားပြော ဗီဒီယိုခွေပြသကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယုံကြည်ချက်သို့ မျှောလွင့်ရာ” လူကုန်ကူးမှုအသိပညာပေးဇာတ်လမ်း သရုပ်ဖော်ဖြင့်တင်ဆက်ကပြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးတို့မှ သရုပ်ဖော်တင်ဆက်ကပြသည့် အဖွဲ့ခေါင်းဆောင်များ အားအမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး၊ ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ကလောမြို့နယ်၌ အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေး ရှင်းလင်းဆွေးနွေး

ကလော                        စက်တင်ဘာ- ၆

214

One State-One Township Project ရှမ်းပြည်နယ် ကလောမြို့နယ် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ(၆)ရက် နံနက်(၉)နာရီခွဲက ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး၊ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ပေါ်လာရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခုစီမံချက် One State-One Township Project ဆောင်ရွက်ရန် ရှမ်းပြည်နယ်တွင် ကလောမြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့အား ဦးစားပေးရွေးချယ်တင်ပြခဲ့ရာ ()မြို့နယ် အနက် ကလောမြို့နယ်တွင် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ဆေးဝါးကင်းသည့် မြို့နယ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ရန်ရွေးချယ်ခဲ့ပါကြောင်း၊ အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေးဆောင်ရွက်မှုမှတစ်ဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု များထိတွေ့မှုများပြားလာပြီး ပြည်သူလူထုများ၏ လိုအပ်ချက်များ၊ အခက်အခဲတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင် သဖြင့်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့် ပြည်သူများ၏ဆင်းရဲလျှော့ချရေး လုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်တာဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြုပြီး ပြည်သူအားလုံးပါဝင်မှု ရှိသောအုပ်ချုပ်ရေးယန္တရားဖြစ်အောင် ယခုလိုအမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေးဆောင်ရွက်မှုမှအစပြု၍ ကလော မြို့နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ လူထုများအားလုံးပူးပေါင်းပါဝင်ပြီး၊ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်မှ One State−One Township Project ဆောင်ရွက် ရခြင်း Resource နှင့် Resultအား ဆွေးနွေးတင်ပြပြီး၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မင်းမှ One State−One Township Project ကလောမြို့နယ် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက်အမှိုက်ပုံနှင့်လှူဒါန်းငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အမှိုက်ပုံး(၁၀၀)အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှပေးအပ်ရာ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင်မင်းက လက်ခံရယူ၍လည်းကောင်း၊ တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ်ပိုင်ရှင်ဦးမောင်တိုးမှ အမှိုက်ပုံး(၃၀)နှင့် အမှိုက်ကောက်ညှပ်ကိရိယာ(၃၀)ခု၊ တောင်ကြီးမြို့ ထရီဇာပဲလေ့စ် ဟိုတယ်ပိုင်ရှင်ဦးစိုးလင်းမှ အမှိုက်ပုံး(၃၀)ပေးအပ်ရာ ကလောမြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူပြီး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ တောင်ကြီးမြို့မှ အမှိုက်ပုံး(၂၅)ပုံးအား ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်မှ လှူဒါန်းခြင်းနှင့်ကလော မြို့နယ် သန့်ရှင်းရေးကော်မတီမှ အလှူငွေကျပ်(၅)သိန်းအား အောင်ပန်းမြို့ သန့်ရှင်းရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ကိုမှပေးအပ်၍ လည်းကောင်း၊ ကလောမြို့နယ် သုမောင်စားသောက်ဆိုင်မှ အလှူငွေကျပ်(၃)သိန်း၊ ကလောမြို့ဟို တယ်လုပ်ငန်းရှင်များ အသင်းမှအလှူငွေကျပ်(၂)သိန်း၊ အောင်ငြိမ်းချမ်းအောင်စားသောက်ဆိုင်မှ အလှူငွေကျပ်(၁)သိန်း အသီးသီးပေးအပ်လှူဒါန်း ကြရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဦးရှိန်ကြည်နှင့် ကလောမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးတို့မှ လက်ခံရယူကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၁

218

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ ၫႊန္ၾကားေရးမႉးတို႔ႏွင့္အတူ စက္တင္ဘာ(၁၁)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ႐ုံး ျပည္နယ္ ဝန္ႀကီးခ်ဳပ္ Call ခန္းမတြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)မွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ လက္နက္ကိုင္ ပဋိပကၡေၾကာင့္ ထိခိုက္ခံစားေနရေသာသူမ်ားအား လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကူညီေထာက္ပံ့ေပးႏိုင္ရန္အတြက္ သြားေရာက္ႏိုင္မည့္ အခြင့္အလမ္းကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) Mr. Mosashi Tsudaka မွ ယခုလို ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံရသည္မွာ ဝမ္းသာပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္အေထြေထြလုပ္ငန္းမ်ားကို လုပ္ေဆာင္ရ သည့္ဒုတိယတာဝန္ခံျဖစ္ေၾကာင္းႏွင့္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတင္ျပခြင့္ျပဳပါရန္၊ စက္တင္ဘာလတစ္လလုံးတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)သို႔သြားေရာက္ရန္ရွိေၾကာင္း၊ အစိုးရအဖြဲ႕အေနျဖင့္ ICRC အဖြဲ႕ကို လုံၿခဳံေရးအရ သြားေရာက္မႈ ခြင့္မျပဳေၾကာင္းႏွင့္ မိမိတို႔သည္ လုပ္ငန္းအစီရင္ခံစာအရ သြားေရာက္ရန္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ လား႐ႈိး၊ က်ိဳင္းတုံ၌ ဝန္ထမ္းမ်ားခန္႔အပ္၍ လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ၂၀၁၉ခုႏွစ္တြင္ လ်ာထားခ်က္မွာ ရွမ္းျပည္နယ္၌ က်ပ္သန္းေပါင္း(၆၀၀)ခြင့္ျပဳ ထားပါေၾကာင္း၊ အသုံးျပဳဘတ္ဂ်က္မ်ားကို အေဆာက္အဉီမ်ားအတြက္ အသုံးျပဳၿပီး၊ ျမန္မာႏိုင္ငံရွိ က်န္းမာေရးဌာနအေဆာက္အဉီ မ်ားျပန္လည္ျပဳျပင္သည့္ ေနရာအသုံးျပဳၿပီး တိုက္ပြဲေရွာင္ေဒသမ်ားတြင္လည္း အသုံးျပဳသြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ ၈၀%လုပ္ငန္းၿပီးစီးၿပီး တိုက္ပြဲအေျခအေနေၾကာင့္ ၂၀%လုပ္ငန္းရပ္ဆိုင္းထားရေၾကာင္း၊ ေက်ာက္မဲၿမိဳ႕တြင္ အေရးေပၚအေဆာက္အဉီႏွင့္ လူနာတင္ယာဥ္ကားမ်ားကို စြမ္းရည္ျမႇင့္တင္ေရးအပိုင္းတြင္ ကူညီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ နမ့္စန္ၿမိဳ႕နယ္ႏွင့္ ေမာက္မယ္ၿမိဳ႕နယ္တို႔၌ အေဆာက္အဉီကိစၥမ်ား ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုင္းပ်ဥ္းၿမိဳ႕ႏွင့္ ပုံပါက်င္ၿမိဳ႕တို႔တြင္ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံၾကက္ေျခနီ အသင္းႏွင့္ပူးေပါင္း၍ ေျခေထာက္ျပတ္သူမ်ားႏွင့္ ပညာေပးလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဆြးေႏြး သြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယခုလို အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ႏွင့္ေတြ႕ဆုံရသည္မွာ ေက်းဇူးတင္ရွိပါေၾကာင္း၊ ဒုတိယသက္တမ္းကာလ တာဝန္ယူခ်ိန္တြင္ ICRC အဖြဲ႕ႏွင့္ ၫွိႏႈိင္းတိုင္ပင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ICRC ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားကို ေတြ႕ရွိေနရပါေၾကာင္း၊ စက္တင္ဘာလတြင္ ေျမျပင္ အေနအထားကို အစိုးရအဖြဲ႕ထက္ ICRC မွပိုမိုသိရွိမွာျဖစ္ေၾကာင္း၊ တစ္ခ်ိဳ႕ေနရာတြင္ တိုင္းရင္းသားလက္နက္ကိုင္မ်ား ႐ြာသားႏွင့္ ေရာေႏွာေနထိုင္ၿပီး တိုက္ပြဲမ်ားျဖစ္ေနပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ထာဝရၿငိမ္းခ်မ္းေရးကို ဦးထိပ္ထား၍ အရပ္သားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို အလြန္အမင္းတိုက္ခိုက္မႈမ်ားမလုပ္ပါေၾကာင္း၊ ၎ေနရာ၌ ICRC မွကူညီေဆာင္႐ြက္ေပး သည့္ေနရာျဖစ္၍ အခ်ိဳ႕ေနရာတြင္ ICRC အေနျဖင့္ အႏၲရာယ္ရွိႏိုင္ပါေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ႏွင့္(အေရွ႕ပိုင္း)ကို သြားလာၿမဲသြားလာႏိုင္ေၾကာင္း၊ ေျမာက္ပိုင္းတြင္အႏၲရာယ္ရွိပါေၾကာင္း၊ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔တိုင္ပင္၍ ICRC အဖြဲ႕ကို အႏၲရာယ္ကင္းအခြင့္အလမ္းရွိပါက အစိုးရအဖြဲ႕အေနျဖင့္ ခြင့္ျပဳေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာလာေရာက္ေနထိုင္ သည့္ဝန္ထမ္းမ်ားကို အစိုးရအဖြဲ႕ရွိဝန္ထမ္းမ်ားထက္ လုံၿခဳံေရးကိုပိုမိုေဆာင္႐ြက္ထားရွိရပါေၾကာင္း၊ ယခုလိုအႏၲရာယ္ၾကားထဲ မွရွမ္းျပည္နယ္အတြက္ ကူညီေပးသည္ကို အၿမဲတမ္းသတိရေနမွာျဖစ္ေၾကာင္း၊ ICRC ႏွင့္ေတြ႕ႏိုင္ရန္ လုံၿခဳံေရးတာဝန္ယူထား သည့္ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးမွာ အေရးႀကီးကိစၥျဖင့္ ေနျပည္ေတာ္သို႔အစည္းအေဝး တက္ေရာက္ေနပါ ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ ရွမ္းျပည္နယ္ကို ICRC အဖြဲ႕မွကူညီေပးသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ နားလည္မႈရွိေပးႏိုင္ ရန္ေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး စက်တင်ဘာ   −   ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ညွှန်ကြားရေးမှူးတို့နှင့်အတူ စက်တင်ဘာ(၁၁)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ် ဝန်ကြီးချုပ် Call ခန်းမတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသောသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်နိုင်မည့် အခွင့်အလမ်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) Mr. Mosashi Tsudaka မှ ယခုလို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရသည်မှာ ဝမ်းသာပါကြောင်း၊ ရှမ်းပြည်နယ်တွင်အထွေထွေလုပ်ငန်းများကို လုပ်ဆောင်ရ သည့်ဒုတိယတာဝန်ခံဖြစ်ကြောင်းနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခွင့်ပြုပါရန်၊ စက်တင်ဘာလတစ်လလုံးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့သွားရောက်ရန်ရှိကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ICRC အဖွဲ့ကို လုံခြုံရေးအရ သွားရောက်မှု ခွင့်မပြုကြောင်းနှင့် မိမိတို့သည် လုပ်ငန်းအစီရင်ခံစာအရ သွားရောက်ရန်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် လားရှိုး၊ ကျိုင်းတုံ၌ ဝန်ထမ်းများခန့်အပ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ်တွင် လျာထားချက်မှာ ရှမ်းပြည်နယ်၌ ကျပ်သန်းပေါင်း(၆၀၀)ခွင့်ပြု ထားပါကြောင်း၊ အသုံးပြုဘတ်ဂျက်များကို အဆောက်အဉီများအတွက် အသုံးပြုပြီး၊ မြန်မာနိုင်ငံရှိ ကျန်းမာရေးဌာနအဆောက်အဉီ များပြန်လည်ပြုပြင်သည့် နေရာအသုံးပြုပြီး တိုက်ပွဲရှောင်ဒေသများတွင်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၈၀%လုပ်ငန်းပြီးစီးပြီး တိုက်ပွဲအခြေအနေကြောင့် ၂၀%လုပ်ငန်းရပ်ဆိုင်းထားရကြောင်း၊ ကျောက်မဲမြို့တွင် အရေးပေါ်အဆောက်အဉီနှင့် လူနာတင်ယာဉ်ကားများကို စွမ်းရည်မြှင့်တင်ရေးအပိုင်းတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နမ့်စန်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့၌ အဆောက်အဉီကိစ္စများ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းပျဉ်းမြို့နှင့် ပုံပါကျင်မြို့တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ ခြေထောက်ပြတ်သူများနှင့် ပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး သွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့်တွေ့ဆုံရသည်မှာ ကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယသက်တမ်းကာလ တာဝန်ယူချိန်တွင် ICRC အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ICRC ကြုံတွေ့နေရသည့်အခက်အခဲများကို တွေ့ရှိနေရပါကြောင်း၊ စက်တင်ဘာလတွင် မြေပြင် အနေအထားကို အစိုးရအဖွဲ့ထက် ICRC မှပိုမိုသိရှိမှာဖြစ်ကြောင်း၊ တစ်ချို့နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ ရွာသားနှင့် ရောနှောနေထိုင်ပြီး တိုက်ပွဲများဖြစ်နေပါကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ဦးထိပ်ထား၍ အရပ်သားနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို အလွန်အမင်းတိုက်ခိုက်မှုများမလုပ်ပါကြောင်း၊ ၎င်းနေရာ၌ ICRC မှကူညီဆောင်ရွက်ပေး သည့်နေရာဖြစ်၍ အချို့နေရာတွင် ICRC အနေဖြင့် အန္တရာယ်ရှိနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်(အရှေ့ပိုင်း)ကို သွားလာမြဲသွားလာနိုင်ကြောင်း၊ မြောက်ပိုင်းတွင်အန္တရာယ်ရှိပါကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တိုင်ပင်၍ ICRC အဖွဲ့ကို အန္တရာယ်ကင်းအခွင့်အလမ်းရှိပါက အစိုးရအဖွဲ့အနေဖြင့် ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာလာရောက်နေထိုင် သည့်ဝန်ထမ်းများကို အစိုးရအဖွဲ့ရှိဝန်ထမ်းများထက် လုံခြုံရေးကိုပိုမိုဆောင်ရွက်ထားရှိရပါကြောင်း၊ ယခုလိုအန္တရာယ်ကြားထဲ မှရှမ်းပြည်နယ်အတွက် ကူညီပေးသည်ကို အမြဲတမ်းသတိရနေမှာဖြစ်ကြောင်း၊ ICRC နှင့်တွေ့နိုင်ရန် လုံခြုံရေးတာဝန်ယူထား သည့်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှာ အရေးကြီးကိစ္စဖြင့် နေပြည်တော်သို့အစည်းအဝေး တက်ရောက်နေပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ကို ICRC အဖွဲ့မှကူညီပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် နားလည်မှုရှိပေးနိုင် ရန်ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်

ကလော            စက်တင်ဘာ   -  

212

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနမှနိုင်ငံသို့ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ပေးအပ်ပွဲကို စက်တင်ဘာ(၆)ရက် နံနက်(၁၀) နာရီက ကလောမြို့နယ် မြို့နယ်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံတွင် လယ်ယာမြေသည် လယ်သမားများအတွက် အသက် သွေးကြောဖြစ်ပါကြောင်း၊ လယ်သမားများအတွက် အသက်တမျှအရေးကြီးလှသော လယ်ယာမြေများ ပြန်လည်ရရှိရန် အစိုးရ အနေဖြင့် ဦးစားပေးအထူးတာဝန်တစ်ရပ်သတ်မှတ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်း မြေယာများထဲမှ အသုံးမပြုတော့သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာမှ မူလပိုင်ရှင်များထံ မြန်မြန်ရောက်ပြီး၊ စောစော အကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးနိုင်ရန်အတွက် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုး မှုဖြစ်စေမည့်မူဝါဒနှင့်လုပ်ငန်းစဉ်ချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလော မြို့နယ်အတွင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာ(၁၆၉.၁၂)ဧကအနက် လယ်ယာမြေ(၁၅၄.၂၇)ဧကဦးပိုင်(၁၄၃)ခုအား တောင်သူ(၁၂၄)ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ() လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းတွင် ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော မြေစွန့်လွှတ်သည့် စက်မှုဝန်ကြီးဌာန၊ တောင်သူများ လက်ဝယ်ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းခဲ့ကြသော ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများကို ရှမ်းပြည်နယ် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသောမြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးမှ တစ်ဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်သော ကုန်ထုတ်လယ်ယာမြေများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကိုမူ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပုံစံ(၃)များပေးအပ်ရာ ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာတောင်သူများနှင့် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာတောင်သူများ၊ ဘော်နင်းကျေးရွာအုပ်စု မြက်ဆက်တောင်ကျေးရွာတောင်သူများနှင့် ညောင်ခါးရှည်ကျေးရွာ၊ ဆူးပန်းအင်းကျေးရွာတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အသီးသီးပေးအပ်ကြကာ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ လက်ခံရရှိသည့်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှကျေးဇူး တင်စကား ပြန်လည် ပြောကြားကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူ များသည် ပင်းတယမြို့နယ် ကျုံးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရွေ့လျားဝန်ဆောင်မှုဆောင်ရွက်နေသော ဌာနများအား လှည့်လည်ကြည့်ရှုအားပေးပြီး၊ ဝန်ဆောင်မှုအတွင်း ဆောင်ရွက်ပြီးစီးသော နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ် လယ်ယာမြေပုံစံ (၇)မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်ကဒ်သစ်ပင်များတို့ကို ဒေသခံပြည်သူ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့မှ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

217

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မရပ္ကြက္ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀)ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၿမိဳ႕မရပ္ကြက္ အေနာက္ၿမိဳ႕ပတ္လမ္း ေနထိုင္သူ ဦးခြန္ကိုကိုႀကီးေနအိမ္၊ ဦးခြန္ၾကည္ RC ႏွစ္ထပ္ေနအိမ္၊ ဦးအုန္းေမာင္(၆)ထပ္ RCေနအိမ္အေပၚသို႔ ေျမမ်ားက်ဆင္း ခဲ့ၿပီး အိမ္၏အေနာက္ပိုင္းေအာက္ေျခအနည္းငယ္ပ်က္စီး၍ လူထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးသူမရွိေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာသို႔ စက္တင္ဘာ(၉)ရက္ နံနက္(၉)နာရီ ခြဲကရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ဝန္ႀကီး မ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားတို႔ႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးရာ ၎အနီးဝန္းက်င္ရွိေနအိမ္မ်ားဆက္လက္၍ အႏၲရာယ္ရွိႏိုင္သျဖင့္ ေျပာင္းေ႐ႊ႕ေနထိုင္ရန္သင့္ေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားခဲ့ၿပီး၊ ျပည္သူ မ်ားအႏၲရာယ္မျဖစ္ေစႏိုင္ေရးအတြက္ ႀကိဳတင္၍တပ္မေတာ္သားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားတို႔မွ သစ္ပင္မ်ား၊ ၿခဳံႏြယ္မ်ားရွင္းလင္းကာ ေျမမ်ားၿပိဳဆင္းမႈမရွိႏိုင္ရန္အတြက္ ေျမထိန္းနံရံမ်ား ႀကိဳတင္ကာကြယ္ျပဳလုပ္ေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မရပ်ကွက် နယ်မြေ(၃) အနောက်မြို့ပတ်လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀)ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ မြို့မရပ်ကွက် အနောက်မြို့ပတ်လမ်း နေထိုင်သူ ဦးခွန်ကိုကိုကြီးနေအိမ်၊ ဦးခွန်ကြည် RC နှစ်ထပ်နေအိမ်၊ ဦးအုန်းမောင်(၆)ထပ် RCနေအိမ်အပေါ်သို့ မြေများကျဆင်း ခဲ့ပြီး အိမ်၏အနောက်ပိုင်းအောက်ခြေအနည်းငယ်ပျက်စီး၍ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးသူမရှိကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာသို့ စက်တင်ဘာ(၉)ရက် နံနက်(၉)နာရီ ခွဲကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ၎င်းအနီးဝန်းကျင်ရှိနေအိမ်များဆက်လက်၍ အန္တရာယ်ရှိနိုင်သဖြင့် ပြောင်းရွှေ့နေထိုင်ရန်သင့်ကြောင်းနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး၊ ပြည်သူ များအန္တရာယ်မဖြစ်စေနိုင်ရေးအတွက် ကြိုတင်၍တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့မှ သစ်ပင်များ၊ ခြုံနွယ်များရှင်းလင်းကာ မြေများပြိုဆင်းမှုမရှိနိုင်ရန်အတွက် မြေထိန်းနံရံများ ကြိုတင်ကာကွယ်ပြုလုပ်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်

ပင်းတယ          စက်တင်ဘာ   -  

213

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနမှနိုင်ငံသို့ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ပေးအပ်ပွဲကို စက်တင်ဘာ(၆) ရက်မွန်းလွဲ(၁)နာရီက ပင်းတယမြို့နယ် ဒေသဦးစီးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိတို့အစိုးရတာဝန်ယူစဉ်ကာလအတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်အတွင်း စွန့်လွှတ်အပ်နှံမြေဧရိယာ (၃၁၃၅၆.၇၉၈) ဧကရှိခဲ့ပြီး၊ အဆိုပါဧရိယာတွင် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်၏ စိစစ်ချက်အရ တောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ()ပေးအပ်နိုင်သော မြေဧရိယာ(၁၀၆၉၀.၂၂၇)ဧကအနက် မြေဧရိယာ(၉၈၂၆.၃၈၇)ဧကကို တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ်တွင်မြေဧရိယာ(၆၄၉.၁၂)ဧကကို တောင်သူများထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်၍မြေဧရိယာ(၈၆၃.၈၄၀)ဧကကိုလည်း တောင်သူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ရေးကော်မတီအဆင့်ဆင့်မှ စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကအသုံးပြုရန်လိုအပ်မှုမရှိသဖြင့် ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေဧရိယာ(၄၈၀)ဧကအနက်မှ မြေယာအငြင်းပွားမှုကင်းရှင်းသော တောင်သူ(၂၇)ဦးအား ဧရိယာ(၁၂၃)ဧကကို တောင်သူများလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ()ဖြင့် လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပြီး၊ ကျန်မြေဧရိယာ(၃၅၇)ဧကကိုလည်း မြေပြင်တွင် စိုက်ပျိုးလုပ်ကိုင်နေသောတောင်သူများနှင့် မြေမဲ့ယာမဲ့ တောင်သူများကိုလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ အဖြစ် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကိုမူ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ဒေသအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေအားရှင်းလင်းတင်ပြ၍ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်ရာ ပေါစံသီးကျေးရွာ နေတောင်သူအား ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်၍လည်းကောင်း၊ ပေါစံသီးကျေးရွာ၊ ပဲရင်းတောင်ကျေးရွာ တောင်သူများ အားပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့မှပေးအပ်ခဲ့ကြပြီး၊ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ လက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူ ဦးစံကင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

(၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

216

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ (၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ (၈)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က နည္းပညာရပ္မ်ား အရွိန္အဟုန္ျမင့္မားစြာ တိုးတက္ ေနသည္မွာ စာမတတ္သူမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး လူ႕အဖြဲ႕အစည္းအတြင္း ရပ္တည္ႏိုင္ရန္၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိႏိုင္ရန္၊ လူမႈစီးပြားပတ္ဝန္းက်င္ေကာင္းမ်ား ဖန္တီးႏိုင္ရန္အတြက္ အေျခခံ အေရး၊ အဖတ္၊ အတြက္အခ်က္ စြမ္းရည္မ်ားရွိ ႐ုံျဖင့္မလုံေလာက္ပါေၾကာင္း၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ အသစ္အဆန္းမ်ားကို အသုံးျပဳႏိုင္မည့္ စြမ္းရည္မ်ားရရွိရန္လည္း လိုအပ္ပါေၾကာင္း၊ ေဝးလံခက္ခဲေသာေဒသရွိ တိုင္းရင္းသားကေလးလူငယ္မ်ား၏ သင္ယူတတ္ေျမာက္မႈ အတြက္လည္း ေက်ာင္းပညာေရးႏွင့္အတူ တိုင္းရင္းသားဘာသာစာေပမ်ားကို တြဲဖက္သင္ေပးျခင္းျဖင့္ တတ္ေျမာက္မႈစြမ္းရည္ ျမႇင့္တင္ေပးလ်က္ရွိပါေၾကာင္း၊ ကေလးသူငယ္ဘဝတြင္ အေျခခံအေရး၊ အဖတ္အတြက္ စြမ္းရည္ရရွိႏိုင္မွာျဖစ္ၿပီး၊ ထိုမွတစ္ဆင့္ လူငယ္ဘဝမွ လုပ္ငန္းခြင္ဝင္ေရာက္ရန္၊ ပညာဆက္လက္ဆည္းပူးရန္ ေလ့လာမႈမ်ား ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ အမ်ားႏွင့္တန္းတူ နည္းပညာရပ္မ်ား၊ ဘာသာရပ္မ်ားကိုေလ့လာႏိုင္ရန္ ကမၻာတစ္ဝွမ္းမွာရွိသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေလ့လာသိရွိႏိုင္ရန္၊ ႏိုင္ငံျခားဘာသာစာေပမ်ားကို ေလ့လာသိရွိရန္ လိုအပ္ပါေၾကာင္း၊ ပညာေရး၏အေျခခံျဖစ္ေသာ စာတတ္ေျမာက္ ေရးလႈပ္ရွားမႈမွတစ္ဆင့္ စာတတ္ေျမာက္ျခင္း၏ အက်ိဳးဆက္ျဖစ္ေသာ ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့နည္းျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိျခင္း၊ မိခင္ႏွင့္ကေလးသူငယ္မ်ား က်န္းမာေရးအသိမ်ားတိုးပြားျခင္း၊ ေခတ္မီနည္းပညာရပ္မ်ား ဆက္လက္ဆည္းပူးႏိုင္ ျခင္း၊ ဆန္းသစ္တီထြင္ ဖန္တီးႏိုင္စြမ္းရွိျခင္းစသည့္ အခြင့္အလမ္းေကာင္းမ်ားရရွိေအာင္ အားလုံးဝိုင္းဝန္းႀကိဳးပမ္းၿပီး၊ လူတိုင္းစာ တတ္ေျမာက္ေရးလုပ္ငန္းမ်ားကို သမိုင္းေပးတာဝန္တစ္ရပ္အျဖစ္ အေလးအနက္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ယူနစ္စကို ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔သဝဏ္လႊာကို ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္ကဖတ္ၾကားၿပီး၊ ၂၀၁၉ခုႏွစ္ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အထိမ္းအမွတ္စာစီစာကုံးႏွင့္ ပိုစတာၿပိဳင္ပြဲ ဆုရရွိသူမ်ားကို ဆုခ်ီးျမႇင့္ရာ အထက္တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)၊ အလယ္ တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)ႏွင့္ မူလတန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ) မ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း တို႔မွအသီးသီးေပးအပ္ခဲ့ၾကသည္။

ထို႔ေနာက္ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “တို႔အင္တို႔အား” သီခ်င္း ႏွင့္ အမွတ္(၄) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “ျမန္မာ့ေက်ာင္း” သီခ်င္းျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္း ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ (၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နည်းပညာရပ်များ အရှိန်အဟုန်မြင့်မားစွာ တိုးတက် နေသည်မှာ စာမတတ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန်၊ လူမှုစီးပွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက် စွမ်းရည်များရှိ ရုံဖြင့်မလုံလောက်ပါကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသစ်အဆန်းများကို အသုံးပြုနိုင်မည့် စွမ်းရည်များရရှိရန်လည်း လိုအပ်ပါကြောင်း၊ ဝေးလံခက်ခဲသောဒေသရှိ တိုင်းရင်းသားကလေးလူငယ်များ၏ သင်ယူတတ်မြောက်မှု အတွက်လည်း ကျောင်းပညာရေးနှင့်အတူ တိုင်းရင်းသားဘာသာစာပေများကို တွဲဖက်သင်ပေးခြင်းဖြင့် တတ်မြောက်မှုစွမ်းရည် မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်ဘဝတွင် အခြေခံအရေး၊ အဖတ်အတွက် စွမ်းရည်ရရှိနိုင်မှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူငယ်ဘဝမှ လုပ်ငန်းခွင်ဝင်ရောက်ရန်၊ ပညာဆက်လက်ဆည်းပူးရန် လေ့လာမှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အများနှင့်တန်းတူ နည်းပညာရပ်များ၊ ဘာသာရပ်များကိုလေ့လာနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို လေ့လာသိရှိနိုင်ရန်၊ နိုင်ငံခြားဘာသာစာပေများကို လေ့လာသိရှိရန် လိုအပ်ပါကြောင်း၊ ပညာရေး၏အခြေခံဖြစ်သော စာတတ်မြောက် ရေးလှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုးဆက်ဖြစ်သော ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများတိုးပွားခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင် ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိခြင်းစသည့် အခွင့်အလမ်းကောင်းများရရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး၊ လူတိုင်းစာ တတ်မြောက်ရေးလုပ်ငန်းများကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ယူနစ်စကို ညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်ကဖတ်ကြားပြီး၊ ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြှင့်ရာ အထက်တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)၊ အလယ် တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)နှင့် မူလတန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ) များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တို့မှအသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်း နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

တောင်ကြီးကွန်ပျူတာတက္ကသိုလ်၌ ထုတ်ကုန်ပြပွဲ (Product Show 2019) ကျင်းပ

တောင်ကြီး       စက်တင်ဘာ - ၆

211

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲသောင်းကျေးရွာ၊ တောင်ကြီး- ဟိုပုံးသွားလမ်းရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ကြီးမှူး၍ တတိယအကြိမ်မြောက် ထုတ်ကုန်ပြပွဲ (Product Show 2019) ကျင်းပခဲ့ကြောင်း သိရသည်။

            အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်သည့် နေရာများ IT နည်းပညာသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေပါ ကြောင်း၊  ယနေ့ကမ္ဘာသည် Globalization ခေတ်ကို ရောက်နေပြီဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝှမ်းလုံးတွင် IT နည်းပညာ၏ တိုးတက်ပြောင်းလဲမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုအတွက် များစွာအထောက်အကူပေးလျက်ရှိပါကြောင်း၊ နည်းပညာ၊ အတတ်ပညာ တက်မြောက်ထားသည့် လူငယ်လူရွယ် များစွာရှိသည့် နိုင်ငံဖြစ်မှသာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်မှုများကြောင့် နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆုကို ရရှိခဲ့ကြောင်း ကြားသိရသည့်အတွက် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သော တက္ကသိုလ်တစ်ခုအဖြစ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကား၌ ပြောကြား သွားသည်။ ထို့နောက် တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ သင်းသုနိုင်က တတိယအကြိမ် မြောက် ထုတ်ကုန်ပြပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော ကွန်ပျူတာပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

            ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တက်ရောက်လာကြသူများက ကုန်ထုတ်ပြပွဲ တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)မှ ကျောင်းသား/ကျောင်းသူများမှ တီထွင်ထားသော ထုတ်ကုန်ပစ္စည်း ၃၇ မျိုး ပြထားမှုများကို လိုက်လံကြည့်ရှုအားပေးကာ Dynamicweb APAC မှ ဒါရိုက်တာ Mr. Puspak Patro က မြန်မာနိုင်ငံ၏ အီလက်ထရောနစ် စီးပွားရေးအကြောင်း၏ အနာဂတ်လမ်းကြောင်းများကို ဆွေးနွေးပြောကြားပြီး Founder of Ahtar Oo Co.Ltd မှ တည်ထောင်သူ ဦးအောင်အောင်က ကွန်ပျူတာလုပ်ငန်း အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ပေးပြီး တက်ရောက်လာကြသူများက ကွန်ပျူတာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ IT, ICT နည်းပညာများအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစရ(ရှမ်း)

More Articles...

  1. တောင်ကြီးကွန်ပျူတာတက္ကသိုလ်၌ ထုတ်ကုန်ပြပွဲ (Product Show 2019) ကျင်းပ
  2. အပင်မျိုးသစ်ကာကွယ်ခွင့် အခွင့်အရေးလျှောက်ထားသူက ပေးဆိုင်ရမည့် အခကြေးငွေဆိုင်ရာ အမိန့်ကြော်ငြာစာ
  3. အပင်မျိုးသစ်ကာကွယ်ခွင့် အခွင့်အရေးလျှောက်ထားခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ
  4. ျမန္မာႏိုင္ငံအမ်ိဳးသားေျမပုံစနစ္ (OneMap Myanmar) ေရးဆြဲအေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီဖြဲ႕စည္းျခင္း
  5. လူထုအေျချပဳဗဟိုဌာန Community Centre အေဆာက္အဦေဆာက္လုပ္ၿပီးစီးမႈအေျခအေနအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဝန္ႀကီး ကြင္းဆင္းၾကည့္႐ႈ
  6. ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေရးလုပ္ငန္း ၫွိႏႈိင္းစည္းေဝးက်င္းပ
  7. ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပေရးလုပ္ငန္း ၫွိႏႈိင္းစည္းေဝးက်င္းပ
  8. ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ ကြင္းဆင္းၾကည့္႐ႈ
  9. မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ ျပည္နယ္ေကာ္မတီလုပ္ငန္း ၫွိႏႈိင္းအစည္းအေဝးက်င္းပ
  10. ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေနာ္ေဝသံ႐ုံးမွ Mrs. Lise Nordgaad ေတြ႕ဆုံ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 130 guests and no members online